ညိမ်းအေးသာ - တိမ် တောင် ညို ပြာ ဝေး

KT#
တိမ် တောင် ညို ပြာ ဝေး
ညိမ်းအေးသာ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈

စာပေးပို့မှု ၄၈
ဖုန်း ခေါ်ဆိုမှု ၁၆
ရင်ဟိုက်ဘလောက်စ် အနက်ရောင်
ဟဲလိုကစ်တီ အသုံးအဆောင်
ကော်ဖီခွက် ပုံစံအမျိုးမျိုး
မောင်သာနိုး ဆွတ်ပျံ့ဖွယ်အောင်
မင်း တန့တပုဒ် ဘာသာပြန်
ကိုယ့် ပေးဖတ်ဆိုပြီး
Rupi Kaur ရဲ့ နွားနို့ နဲ့ ပျားရည်
မြန်မာကဗျာစာအုပ်များမှာ
ရေပင် မရေနိုင်သေး
သူ ကိုယ်တိုင်ရေးပေးသော
ကဗျာခေါင်းစဉ်များမှာ ကဗျာတစ်ပုဒ်စာ
တိမ်တွေ ဘယ်လောက်လှလှ
ခဏကြာတော့ ပျောက်သွားတာပဲ
သူ့ကို မယုံစရာတွေကလည်း
စိတ်မှာ ထွေပြား
သူ့အတွက် တနေ့ တစ်ချစ်
ပွင့်ဝေသာယာပါစေလားတဲ့
လွင့်ကြွေ နာဖျား..။ ။

ညိမ်းအေးသာ
Rupi Kaur - ကနေဒီယန်ကဗျာဆရာမ

Comments