လင်းသစ်နီ ● အခန်းကျဉ်းထဲက ကမ္ဘာ


လင်းသစ်နီ ● အခန်းကျဉ်းထဲက ကမ္ဘာ
(မိုးမခ) မတ်လ ၁၂၊ ၂၀၁၈

ပြတင်း​ပေါက်​တည့်​တည့်​​ပေါ်
မိုးခါး​ရေ​လိုက်​​သောက်​​နေတဲ့အရိပ်​က
ဘယ်​သူ့အသက်​ရှူစိတ်​များလဲ

မီး​လောင်​​နေတဲ့တံခါးကို
အ​မှောင်​ထဲမှာပြန်​​ချောင်းကြည့်​​တော့
မျှော်​လင့်​ချက်​​ငွေ့​ငွေ့က ယိမ်းနွှဲ့လို့
စာနာမှု​တွေ ပြန်​စာမလာဘူး

ဒီမှာ​တော့
တကိုယ်​​ရေအသံက ကျဉ်းကျပ်လို့
သေသွားတဲ့ဝါကျတကြောင်းကိုရယ်​​​မော
တွန့်​​ကြေ​နေတဲ့အတိတ်​ကို အဝတ်​စအစုတ်​​လေးနဲ့ပွတ်​တိုက်
နေ့အထပ်​ထပ်ညထဲ ပိတ်​​လှောင်​ထားဆဲပါတဲ့

ရယ်​သံ​တွေကိုကျားကန်​ဖို့
အရက်​တစခွက်​​​ တောက်​တချက်​​နဲ့
အနာဂါတ်​ကို​ သွေး​အေးတိတ်​ဆိတ်​​ပေးရတာ
ဝင်္ကပါ

အိမ်​မက်​ထဲ
ဘယ်​လိုဘာသာစကားများလဲ

စိတ်​ကူး​တွေသက်​တန့်​မြစ်​ကိုခူးဖို့
ကိုယ့်​နှလုံးသားထဲကအသံ
ပြန်​မကြားရတာလည်း​ဝေဒနာတစ်​ခန်းရပ်​ပါပဲ

ပျော်​ချင်​​ယောင်​​ဆောင်​ရင်းရူးလို့
ရူးချင်​​ယောင်​​ဆောင်​ရင်း​ ပျော်​ရွှင်​​နေရတာ
အ​သွေးအသား​​တွေက ဗြိစ္ဆရာသီဖွားလိုဖြစ်​ခဲ့ရပါ​ကြောင်း။   

လင်းသစ်​နီ

Comments