တည်ဘွားဦး - ကစားပွဲ

ကစားပွဲ
တည်ဘွားဦး
(မိုးမခ) မတ် ၁၇၊ ၂၀၁၈

ပိတောက်လေယာဉ်ပျံကြီးစီးပြီး
တနိုင်ငံလုံး
လျှောက်သွားချင်တဲ့စိတ်ကူးဟာ
ဘာကြောင့် မအောင်မြင်တာလဲ

(နောက်ဆုံး မေးခွန်းဖြစ်ပါတယ်)

ပထမလူက စဉ်းစားလို့မရဘူးပြောတယ်
ဒုတိယလူက စဉ်းစားလို့ရတယ် ပြောတယ်
တတိယ ဒိုင်က မှားနေလို့ အကုန်စားပါတယ်တဲ့

အဖြေက 
ပိတောက်လေယာဉ်ပျံကြီးရယ်
တနိုင်ငံလုံးရယ်
လျှောက်သွားချင်တဲ့စိတ်ကူးရယ်
မှားနေလို့တဲ့။ ။ 

Comments