ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ
(မိုးမခ) မတ် ၂၄၊ ၂၀၁၈
၂၀၁၃ တုန်းက မိုးမခ Kindle Version အဖြစ် Burmese Days & Flowers, ပါရမီစာပေတိုက်က Days & Flowers of Myanmar ပုံနှိပ်စာအုပ်အဖြစ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့ပြီး ယခု စာရေးသူကိုယ်တိုင် မြန်မာပြန်ထားတဲ့ မြန်မာနေ့ရက်များနဲ့ ပန်းများ စာအုပ် တအုပ်လုံး ရောင်စုံဓာတ်ပုံများနဲ့ မိုးမခစာပေက ထုတ်ဝေလိုက်ပါပြီ။ ရန်အောင်စာပေက တပြည်လုံးကို ဖြန့်ချိပါတယ်။ တန်ဖိုး ၂ထောင် ကျပ် ဖြစ်ပါတယ်။ တအုပ်ချင်း မှာယူလိုသူများ သံဈေးက Yangon Book Plaza က WE Distribution မှာ ဆက်သွယ် မှာယူပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB4LloccW0bbIws5IXz_1P7fKmYmpmN5VsgCD-fz9uIM7bIbDw0Qjwx981r_zYfC9nNEtenbxfBbKyU4nxSvZnQuA8mto8nJ7ePZgmxXpO7clt6T2_Yo_aWSUqcn3to3XZojJj-sbr0Ko/s640/29342633_1737069993019267_3122830062988325270_n.jpg)
မြန်မာပြည်သားများရဲ့ ရိုးရာဖြစ်တဲ့ ၇ ရက် နေ့နာမ်အလိုက် အမည်ပေး ကင်ပွန်းတပ်ကြတာ၊ မွေးနေ့အလိုက် ပန်းများ သတ်မှတ်ကြတာ၊ အဲသည်ရဲ့ သာဓကအဖြစ် မြန်မာနှစ်သစ်ကူး သင်္ကြန်မှာ အတာအိုး သင်္ကြန်အိုးထိုးပြီး ဆင်နွှဲကြတာကို အခြေခံပြီး သည်စာအုပ်ကို ရေးသားထားတာဖြစ်ပါတယ်။
ရန်အောင်စာပေတိုက် - ဖုန်း- ၀၉ ၅၁၇ ၉၃၉၈၊ ၀၉ ၇၃၂ ၄၃၈၅၁ ကို ဆက်သွယ်ပါ။
Comments