![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDGqnjIe4FRWU5DmsSaMz1h0DAAbIKcQxjtTCL4NDVrf78ZLpiW-G5Iub1QwZIpNCm6Nbbv01MAvWrwRVWKsBwT_9fcWcd2huQOUJhGRGu14w4u_KASiKuXmjM6-LUKvDSpTMrjASbODL/s640/FreshPaint-0-2018.03.26-06.22.43.jpg)
မိုနေးသစ် ● ငါး
(မိုးမခ) မတ်လ ၂၆၊ ၂၀၁၈
ငါးတွေက
အကြာကြီး
ရေငုတ်ကြတယ်
ငါးတွေအကြေးခွံလဲသလား
မသိပေမယ့်
ရေထဲကအောက်စီဂျင်ကိုတော့ ခိုးရှူကြတယ်။
ငါးတွေမှာ
အကယ်ဒမီမရှိကြဘူး
နိုင်ရာကိုစားတာပဲ
တစ်နေ့တခြား
ငါးစာတွေများများလာတယ်
ငါးမြားချိတ်တွေနဲ့
ငါးတွေရဲ့ကောင်းကင်ကို
တည်ဆောက်ထားတယ်။
ငါးတွေမှာ
ရွှေငါးတွေ မိုးပေါ်ကကျလာတာမျိုးမရှိဘူး
ဥစစ်စစ်ကပေါက်ဖွားလာတဲ့ ငါးတွေ
ဒါပေမယ့်
ငါးဆွေမျိုးဆိုတာမရှိဘူး
ငါးသူ့လူ ကိုယ့်ဖက်သားဆိုတာ မရှိဘူး
အမြီးရှိသမျှ ကူးခတ်ရတာပဲ
ကိုယ့်အစားအစာကို ကိုယ်တိုင်ဆန်းစစ်ရတာပဲ
ငါးတွေမှာ စားပွဲနဲ့ ဇွန်းခရင်းတွေမရှိဘူး
စားပွဲထိုးလည်းမရှိဘူး
ငါးအိမ်ဖော်လည်းမရှိဘူး
ပိုင်ဆိုင်မှုစာရင်းဇယားလည်းမရှိဘူး
ငါးတွေ
ရေဆန်တက်ကြတယ်
ငါးတွေရေကူးကြတယ်
သဘာဝကျကျငါး ဖြစ်ရတာကိုက
ငါးလေ
မိုနေးသစ်
(မိုးမခ) မတ်လ ၂၆၊ ၂၀၁၈
ငါးတွေက
အကြာကြီး
ရေငုတ်ကြတယ်
ငါးတွေအကြေးခွံလဲသလား
မသိပေမယ့်
ရေထဲကအောက်စီဂျင်ကိုတော့ ခိုးရှူကြတယ်။
ငါးတွေမှာ
အကယ်ဒမီမရှိကြဘူး
နိုင်ရာကိုစားတာပဲ
တစ်နေ့တခြား
ငါးစာတွေများများလာတယ်
ငါးမြားချိတ်တွေနဲ့
ငါးတွေရဲ့ကောင်းကင်ကို
တည်ဆောက်ထားတယ်။
ငါးတွေမှာ
ရွှေငါးတွေ မိုးပေါ်ကကျလာတာမျိုးမရှိဘူး
ဥစစ်စစ်ကပေါက်ဖွားလာတဲ့ ငါးတွေ
ဒါပေမယ့်
ငါးဆွေမျိုးဆိုတာမရှိဘူး
ငါးသူ့လူ ကိုယ့်ဖက်သားဆိုတာ မရှိဘူး
အမြီးရှိသမျှ ကူးခတ်ရတာပဲ
ကိုယ့်အစားအစာကို ကိုယ်တိုင်ဆန်းစစ်ရတာပဲ
ငါးတွေမှာ စားပွဲနဲ့ ဇွန်းခရင်းတွေမရှိဘူး
စားပွဲထိုးလည်းမရှိဘူး
ငါးအိမ်ဖော်လည်းမရှိဘူး
ပိုင်ဆိုင်မှုစာရင်းဇယားလည်းမရှိဘူး
ငါးတွေ
ရေဆန်တက်ကြတယ်
ငါးတွေရေကူးကြတယ်
သဘာဝကျကျငါး ဖြစ်ရတာကိုက
ငါးလေ
မိုနေးသစ်
Comments