ဆောင်းယွန်းလ ● ရူးချင်ယောင်ဆောင်နေခဲ့ရခြင်းများ

ဆောင်းယွန်းလ ● ရူးချင်ယောင်ဆောင်နေခဲ့ရခြင်းများ
(မိုးမခ) မတ်လ ၂၉၊ ၂၀၁၈

နားလည်စရာမလိုပဲ
ငိုခဲ့ရတယ်
ရယ်ခဲ့ရတယ်
ဝမ်းနဲခြင်းမှာ တယောထိုးသံပါမလာဘူး
သေဆုံးခြင်းကို နှဲမှုတ်မပြခဲ့ဘူး

ကြည့်ပြီး ရူးခဲ့ရတာနဲ့ 
ကြည့်ရင်း ရူးသွားခဲ့တာကတော့ ကွာမှာပေါ့

ငါတို့ ခေါင်းမော့ရမယ့်အချိန်ဆိုတာ
ငါတို့ ခေါင်းတွေကို ပြန်ရှာတွေ့မယ့်အချိန်ပါပဲ

လောလောဆယ်အထိတော့
တိမ်တွေက အိမ်ခေါင်မိုးနဲ့ ငြိနေကြတုန်းပဲ။

ဆောင်းယွန်းလ

Comments