မင်းငြိမ်းအေး - ပျင်းရိခြင်းအကြောင်း

KT#
ပျင်းရိခြင်းအကြောင်း
မင်းငြိမ်းအေး
(မိုးမခ) မတ် ၂၀၊ ၂၀၁၈
 
နေနဲ့အတူလိုက်ရွေ့ခဲ့တယ်
မြေနဲ့အတူတိမ်းစောင်းခဲ့တယ်
အတင်းအဖျင်းစကားပုံတွေနဲ့
ချီးမွမ်းခန်းဖွင့်ခဲ့
ဂုဏ်ယူစရာကောင်းအောင်
ကဲ့ရဲ့ခဲ့
လူသေအလောင်းတွေဖော်ပြီး
လူအရှင်တွေနဲ့
ပြပွဲလုပ်ခဲ့
သွေးလိုအပ်တဲ့မြစ်တွေအတွက်
သွေးလှုရှင်ရှာခဲ့
မိသားစုနဲ့ငွေကြေးကို
အချိုးမချတတ်သေး
အသည်းကွဲခြင်းမှာ
ဆေးမယဉ်သေး
အရပ်ဆယ်မျက်နှာထိ
မေတ္တာမထားတတ်သေး
ငါပျင်းခဲ့တာကမ္ဘာတည်ပါတယ် ။

မင်းငြိမ်းအေး

Comments