နေလွဏ်းအိမ် ● အဖိုးတန်​စက္ကူ


နေလွဏ်းအိမ် ● အဖိုးတန်​စက္ကူ
(မိုးမခ) မတ်လ ၂၃၊ ၂၀၁၈

အချိန်​​တွေဘဝ​တွေကို အဲ့ဒီအတွက်​မြှုပ်​နှံခဲ့ကြ
စီးရာမမှန်​တဲ့​ ရေလှိုင်း​တွေကြား
ငါးဖြစ်​ရတဲ့ဘဝဟာ ငါးစာပဲဖြစ်​ခဲ့တယ်
လမ်း​ဘေးက​လေးငယ်​​တွေကအစ
တောင်းစား​နေသူ​တွေအဆုံး
တစ်​ကိုယ်​​ရေစာ ဆာ​လောင်​မှုအတွက်
သိက္ခာတရား​တွေကို ချ​ကျွေးခဲ့ကြ
တစ်​​ထောင်​တန်​​တွေဟာ
လူကုံထံ​တွေအတွက် အ​ပေါစားဆို​ပေမယ့်
ဘဝတချို့အတွက်​ ဘုရားသခင်​ပဲ
ကျကွဲသွားတဲ့မနက်​ဖြန်​​တွေထဲ
ကြယ်​စင်​တစ်​လုံး အရည်​​ပျော်​သွားတယ်
ညာဘက်​လက်​ကတက်​တူးပုံကို အသက်သွင်း​​ပြီး
တောနက်​ထဲကို အစိမ်းလိုက်​ခုန်​ချ
ကိုယ့်​ကိုယ်​ကိုအတွက်​ ပြီး​တော့ မိသားစုအတွက်
တရား​ခြင်း​တွေကိုင်​​ဆောင်​လို့
အဖိုးတန်​စက္ကူ​နောက်​ ဒုန်းစိုင်းလိုက်​ခဲ့တယ်။ ။

နေလွဏ်းအိမ်

Comments