စာပေဖန်တီးမှုအနုပညာ သင်တန်းအမှတ်စဉ် ၂ ဖွင့်လှစ်မည်

၂၀၁၇ အောက်တိုဘာလက စာရေးဆရာကလပ်၏ လှုပ်ရှားမှုဓာတ်ပုံ (ဖေ့စ်ဘွတ်)

စာပေဖန်တီးမှုအနုပညာ သင်တန်းအမှတ်စဉ် ၂ ဖွင့်လှစ်မည် 
(ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဧပြီ ၂၈၊ ၂၀၁၈

(ရန်ကုန် ဧပြီ ၂၈) မြန်မာစာရေးဆရာကလပ်က စီစဉ်သည့် စာပေဖန်တီးမှုအနုပညာ သင်တန်းအမှတ်စဉ် ၂ ကို မေလ ၁၄ ရက် မှ ဇွန်လ ၉ ရက်နေ့အထိ သင်တန်းရက် စုစုပေါင်း ၂၀ ၊ နာရီပေါင်း ၆၀ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။ သင်တန်းကြေး နှစ်သောင်းကျပ် သတ်မှတ်ထားပြီး လူဦးရေ ၄၀ ဦးသာ ကန့်သတ်သင်ကြားမည် ဖြစ်သည်။

သင်တန်းသို့ တက်ရောက်သင်ကြားလိုသူများ အနေဖြင့် ကောင်းသန့်စာပေ ၊ အမှတ် ၂၀၉ ပထမထပ်၊ ၃၈ လမ်း ဖုန်း ၀၁ ၃၈၃၄၂၃ အထက်ဘလောက်တွင် သင်တန်းဝင်ခွင့်လျှောက်လွှာ ဖြည့်သွင်း၍ သင်တန်းကြေးပေးသွင်းရမည် ဖြစ်သည်။ သင်တန်း စတင်ဖွင့်လှစ်မည့်ရက်မှာ မေလ ၁၄ ရက်နေ့ ဖြစ်ပြီး မေလ ၁၁ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည် ဖြစ်သည်။

သင်တန်းတွင် မြန်မာစာအရေးအသားနှင့် သတ်ပုံ ၊ ဆောင်းပါး ၊ စာတန်း ၊ ကဗျာ ဘာသာရပ်များကို ပို့ချသင်ကြားသွားမည် ဖြစ်သည်။ သင်တန်းပို့ချမည့်ဆရာများမှာ ဂုဏ်ထူးဦးသိန်းနိုင်၊ ဒေါက်တာထွန်းတင့်၊ မောင်ခင်မင် ( ဓနုဖြူ ) ၊ ချစ်ဦးညို၊ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ၊ ဂျူး ၊ နုနုရည် ( အင်းဝ ) ၊ အကယ်ဒမီငြိမ်းမင်း၊ မြနှောင်းညို၊ဆောင်းဝင်းလတ်၊ မင်းခိုက်စိုးစန်၊ အကြည်တော်၊ လင်္ကာရည်ကျော်၊ နှင်းဝေငြိမ်း၊ မာန် ( တောင်လုံးပြန်) ၊ ကိုရိုးကွန့် ၊ သန်းမြင့်အောင်၊ ဒေါက်တာခင်မောင်ညို၊ ဦးဘုန်း ( ဓာတု ) ၊ သရဝဏ် ( ပြည်) ၊ ရဲမြလွင်၊ မောင်သိန်းလွင်၊ ထင်လင်းဦး၊ ဒေါက်ထွေး ( ဆေး ၊ မန်း ) ၊ဟိန်းလတ်၊ ဒေါက်တာစိုးလွင်၊မောင်သာချို၊ ကောင်းသန့်၊ မေဇွန်အေး၊မောင်စိန်ဝင်း ( ပုတီးကုန်း) ၊ မင်းချမ်းမွန်၊ သူရဇော်၊ ညီမင်းညို တို့မှ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Comments