စောဝေ၏ ၀ုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သေနတ်များ မိတ်ဆက်မည်




စောဝေ၏ ၀ုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သေနတ်များ မိတ်ဆက်မည်
K (မိုးမခ) ဧပြီ ၂၉၊ ၂၀၁၈

ကဗျာဆရာစောဝေ စာအုပ်သစ်မိတ်ဆက်ပွဲနှင့်ရေးသူဖတ်သူဆွေးနွေးပွဲ Yangon Book Plazaမှာ ပြုလုပ်မည်။

ကဗျာဆရာစောဝေ၏စာအုပ်အသစ်ဖြစ်သည့် ၀ုန်းနေတဲ့ လက်ထိပ်၊ လန်းနေတဲ့ သေနတ်များ
စာပဒေသာ စာအုပ်မိတ်ဆက်ပွဲကို ၂၉.၄.၁၈ (တနင်္ဂနွေနေ့)၊ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plazaတွင် နေ့လယ် ၂နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာမ မအိ၊ပန်းချီဆရာမြင့်မောင်ကျော်တို့က မိတ်ဆက် အ မှာစကားပြောကြားမည်ဖြစ်ပြီး ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၏ ပါဖော့မန့်လက်ဆောင်ပြကွက်နှင့် အတူ Bookaholics၊ လင်းဝေ၊ စိမ်းရိပ်၊ ၀န်းရံခံနှင့်စောဝေတို့ရဲ့ ရေးသူဖတ်သူဆွေးနွေးပွဲကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။


အဆိုပါစာအုပ်တွင် ကဗျာ၊စကားပြေနှစ်မျိုးစလုံးလည်း ပါရှိပြီး “ဒီစာအုပ်မှာ ရသရော သုတ ပါပါပြီး အွန်လိုင်းမှာလူပေါင်းဆယ့်သုံးသိန်း ခုနှစ်သောင်းကျော်ဝင်ကြည့်ထားတဲ့ စင်္ကာပူ ကဗျာထည့်ထား ပါကြောင်း”ကဗျာဆရာစောဝေက ၎င်း၏ဖေ့ဘုတ်စာမျက်နှာမှာရေးသားထားသည်။

အဆိုပါအခမ်းအနားတက်ရောက်လာသူများကို အထူးအစီအစဉ်အဖြစ် ၃၅၀၀ ကျပ်တန် စာအုပ်ကို ၂၀၀၀ ကျပ်ဖြင့် ပွဲချိန်ကျင်းပနေချိန်အတွင်း လျှော့ချရောင်းချပေးသွားမည့်အကြောင်း သိရသည်။

ကဗျာဆရာစောဝေသည် စစ်အစိုးရကာလတွင် အချစ်ဆိုသည့်ကဗျာရေးသားမှုကြောင့် နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ Pen Myanmar ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေသည်။

Comments