ဝါရှင်တန်ဒီစီ မြန်မာသံရုံးဝက်ဆိုက်မှာ ဘစ်ကွိုင်းမိုင်းနင်းခိုးလုပ်နေတဲ့ သူလျိုဗိုင်းရပ်စ်ပိုး တွေ့ခဲ့ဟု ဆို




ဝါရှင်တန်ဒီစီ မြန်မာသံရုံးဝက်ဆိုက်မှာ ဘစ်ကွိုင်းမိုင်းနင်းခိုးလုပ်နေတဲ့ သူလျိုဗိုင်းရပ်စ်ပိုး တွေ့ခဲ့ဟု ဆို
(မိုးမခ) မေ ၁၀၊ ၂၀၁၈

ယမန်နေ့က နိုင်ငံတကာသတင်းများအဆိုအရ (လင့်ခ်ဒီမှာ )-  အမေရိကားက အစိုးရ၊ ကျောင်း၊ အဖွဲ့အစည်းဝက်ဆိုက် ၄၀၀ လောက်မှာ ခရစ်တိုကာရင်စီလို့ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေး မိုင်းနင်းလုပ်တဲ့ သူလျိုဗိုင်းရပ်ပိုးတမျိုး ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲသည်ဝက်ဆိုက်တွေကို drupal ဆိုတဲ့ ၀က်ဆိုက်အင်ဂျင်နဲ့ တည်ဆောက်ထားကြတာဖြစ်ပြီး အဲသည် drupal ရဲ့ ဗားရှင်းအဟောင်းတွေရဲ့ အားနည်းချက်တခုကနေ ဗိုင်းရပ်စ်က ခိုးဝင်ခဲ့တာ ဆိုပါတယ်။ အဲသည် သူလျိုပိုးဟာ အဲသည်ဝက်ဆိုက်တွေကို လာဖတ်တဲ့ ဧည့်သည်တွေရဲ့ ကွန်ပြူတာထဲကို ခိုးဝင်ပြီးတော့ အဲသည်ကွန်ပြူတာပါဝါကို သုံးပြီး ဒီဂျစ်တယ်ငွေကြေးကို mining လုပ်တယ်ဆိုတဲ့ တွက်ချက်မှုတွေ ပိုင်ရှင်တွေ မသိအောင် run ကြပါတယ်။ ပြီးတော့ အဲသည်အကျိုးအမြတ်ကို သူလျိုဗိုင်းရပ်ပိုးထည့်သွင်းထားသူ ဟက်ကာတွေဆီ ပြန်ပို့ပေးတာကို လျို့ဝှက်လုပ်ကြပါတယ်။

အဲသည်လိုမျိုး ဗိုင်းရပ်ပိုးတမျိုးဟာလည်း ၀ါရှင်တန်ဒီစီက မြန်မာသံရုံးဝက်ဆိုက်မှာ ကူးစက်ခံထားခဲ့ရတာကို မေလ ၅ ရက်နေ့ ရက်စွဲနဲ့ anti-virus ဆော့ဝဲလ်တခုကနေ တွေ့ရှိခဲ့ရပါတယ်။ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးဝက်ဆိုက်ဟာ drupal နဲ့ တည်ဆောက်ထားတာကို တွေ့ရပါတယ် ။  http://www.mewashingtondc.org/content/citizen-services အဲသည်နေရာကို သွားကြည့်ရင် ဗိုင်းရပ်စ်ပိုးက လာကြည့်ရှုသူရဲ့ ကွန်ပြူတာထဲကို ကူးစက်သွားတာကို ဖြစ်ပါတယ်။

၅ ရက်နေ့နောက်ပိုင်းမှာ ဒီအကြောင်းကို သတင်းပို့ဖို့ မိုးမခက စီစဉ်နေဆဲမှာပဲ မြန်မာဝါရှင်တန်သံရုံးဝက်ဆိုက်က ဖိုင်တွေ (အထူးသဖြင့် မြန်မာပတ်စ်ပို့အသစ်လျောက်လွှာဖိုင်တွေ ရှိရာနေရာ) အပြောင်းအလဲတွေ လုပ်နေတာ တွေ့ရပြီး၊ အဆိုပါ ဗိုင်းရပ်စ်လည်း ပျောက်ကွယ်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ယခု drupal ၀က်ဆိုက်တွေ သည်လိုပိုးတွေ ကူးစက်ခံခဲ့ရကြောင်း နည်းပညာသတင်းတွေ တက်လာပြီးဖြစ်တော့မှပဲ သတင်းအဖြစ် တင်ပြလိုက်ပါတယ်။ အပေါ်က ဓာတ်ပုံကတော့ အဲသည်တုန်းက anti-virus ဆော့ဝဲက ဖမ်းယူရတဲ့ပုံ ဖြစ်ပါတယ်။


အဲသည်မှာ ခိုအောင်းနေတဲ့ ကွန်ပြူတာ သူလျိုပိုးတမျိုးကတော့ JS/Miner-C လို့ ခေါ်ပါတယ်။ အဲသည် JS/Miner.C ဆိုတာ ဘစ်ကွိုင်ငွေကြေးတွေ မိုင်းနင်းလုပ်တဲ့ trojan ဖြစ်ပါတယ်တဲ့။ အဲဒါကို သည်လိုဖော်ပြထားပါတယ်။ မြန်မာသံရုံးက တာဝန်ရှိသူတွေက အချိန်မီသိရှိပြီး ဖယ်ရှားလိုက်ကြပုံ ရတယ်လို့ ယူဆပါကြောင်း။

JS:Miner-C [Trj] is a Trojan Horse that uses the infected computer’s resources to mine digital currency (Monero, Bitcoin, DarkCoin or Ethereum) without user permission.

Comments