ဇော်အောင် (မုံရွာ) ● အရှေ့တောင်အာရှ အင်ပါယာ

ဇော်အောင် (မုံရွာ) ● အရှေ့တောင်အာရှ အင်ပါယာ
(မိုးမခ) မေ ၁၄၊ ၂ဝ၁၈

အသက် ၉၂ မဟာသီယာ မလေးရှား အဂတိအစိုးရခေါင်းဆောင် သူတည်ထောင်ခဲ့တဲ့ပါတီကို ပြန်ဖြုတ်ချတဲ့ အဖြစ်အပျက် ကတော့ အံ့သြဘွယ် မဟာသီယာဆိုပြီး ရေးလိုက်ပါတယ်။ တကယ်ပဲ အံ့သြစရာပါ။ ကိုယ်တည်ထောင်တဲ့ စနစ်တစ်ခုကို ပြန်ပြီးကယ်တင်ရပါတယ်။ ကမ္ဘာမှာ ဒါမျိုး မရှိဖူး မဖြစ်ဖူးပါဘူး။

မြန်မာပြည် အဂတိတိုက်ဖျက်ရေးဆိုရင် စင်ကာပူရောက် မြန်မာတွေက အရမ်းတက်ကြွတယ်။ မြန်မာပြည်ကလူတွေက ယဉ်ကျေးမှုလို ဖြစ်နေတယ်။ စင်ကာပူက တပတ်ခွင့်ယူပြီး မြန်မာပြည်ပြန်လာ မှတ်ပုံတင်လုပ်ရင် ဝန်ထမ်းတယောက်ကို အိမ်သွားပြီး (မိမိစင်ကာပူနေကြောင်း မသိစေပဲ ဝေးလံတဲ့ နယ်မှာနေတဲ့ သာမန်လူလို) အကူညီတောင်းရင်  တနာရီအတွင်း လုပ်ပေးနိုင်ပါတယ်။ မြို့နယ်ဦးစီးမှူး ရုံးမှာရှိရမယ် မိမိက FRC နိုင်ငံခြားသား ပြဿနာမရှိဖို့ လိုပါမယ်။ ဘယ်ဌာနသွားသွား အဂတိချည်းပါပဲ ငွေ ၁ သောင်းနဲ့ပြီးတဲ့ကိစ္စကို စင်ကာပူက အလည်ပြန်လာသူက ၂ သောင်းပေးပြီး ဈေးကွက်ဖျက်တယ်။ ဝန်ထမ်း ကြိုက်သလိုလုပ်နိုင်တဲ့ တရားရုံးကအစ မြန်မာပြည်စနစ်တွေပါ။ ရေးရရင် မကောင်းပါ။ အခု အရှိန်မြှင့် ပြောင်းလဲနေ ပါပြီ။ ခေါင်မိုးလုံဖို့ပဲ (ပြည်ထောင်စုဝန်ကြီးအဆင့်) အရေးကြီး လုပ်ဆောင်နေပါတယ်။

● နာဂျစ်နဲ့ဇနီး သုံးဖြုန်းကြပုံ၊ အမေရိကန်နဲ့ စင်ကာပူ အရေးယူမှု
ဒီကြီးမားတဲ့ အဂတိလိုက်စားမှုကြီးက လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပေမဲ့ ဝန်ကြီးချုပ်နာဂျစ်နဲ့ အစိုးရအဖွဲ့က နည်း မျိုးစုံနဲ့ ကာကွယ်နေပါတယ်။

စင်ကာပူအစိုးရသတင်းစာများမှာ နာဂျစ်ပြဿနာကို ရှုံ့ချရေးသားကြပါတယ်။ စင်ကာပူမှာ 1MDB နဲ့ ပတ်သက်ခဲ့တဲ့ ဘဏ် စာရင်း၊ ငွေစာရင်းအားလုံးကို ရှင်းလင်း၊ ကင်းရှင်းစေခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ ယခင် သမ္မတအိုဘားမားနဲ့ ယခုသမ္မတဒေါ်နယ်ထရန်တို့က အဂတိလိုက်စားမှု ဥပဒေ အပြောင်း လဲမရှိ၊ မလေးရှားဝန်ကြီးချုပ် နာဂျစ် နဲ့ အစိုးရအဖွဲ့ကို ရှုံ့ချပါတယ်။ အဂတိ ဘဏ်ငွေစာရင်းများကို ဖေါ်ထုတ်ပါတယ်။ အမေရိကန်တရားရေးဝန်ကြီးဌာန The US Department of Justice က ဝန်ကြီးချုပ် ဆွဒ်ဇာန် ဘဏ်အကောင့်ထဲ ဝင် လာတဲ့ပိုက်ဆံ တွေကို ထည့်ပေးတဲ့ ဒေါ်လာသန်း ၅၄ဝ အပါဝင် စုစုပေါင်း US$ 45 billion ကန်ဒေါ်လာ သန်းပေါင်း ၄၅ဝဝ ကို ပြန်ပေးဖို့တောင်းဆိုပါတယ်။ ၂ဝ၁၇ ဇွန်လမှာမှာ Aljazeera သတင်းဌာနက အမေရိကန်အစိုးရ ထုတ်ပြန်ချက်ကို ဖော် ပြထားပါတယ်။

အမေရိကန်အစိုးရက ဒီလောက်များတဲ့ နိုင်ငံငွေ၊ ပြည်သူပိုင်ငွေတွေကို အဂတိလိုက်စားခြင်းဟာ ရာဇဝတ်မှုဖြစ်ကြောင်း၊ နိုင်ငံတကာ ဥပဒေအရလဲ အရေးယူရမဲ့အကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံကတော့ အဲဒီငွေကြေးအရေးအခင်း ပါဝင်တဲ့ အမေရိကန်ဘဏ်များကို အရေးယူနေပါတယ်။ သူကြွယ်ကြီးများကဲ့သို့ ငွေကြေးသုံးစွဲကြပုံများကိုလဲ အမေရိကန် အစိုးရက ဖော်ထုတ်တင်ပြရာမှာ နာဂျစ်ရဲ့ဇနီးသည် Najib’s wife, Rosmah Mansor, ဝယ်ယူတဲ့ ကန်ဒေါ်လာ ၂၇၃ သန်း တန်ဖိုးရှိတဲ့ ၂၂ ကာရက်၊ ပန်းရောင်စိန်ဘယက်ကြီးကိုလဲ ထုတ်ဖော်တင်ပြခဲ့ပါတယ်။

နာဂျစ်မိသားစု ကမ္ဘာ့သူဌေးရပ်ကွက်မှာ သုံးဖြုန်းကြပုံများကို ဖော်ထုတ်ရသမျှ ဒေါ်လာသန်းပေါင်း တစ်ထောင်ကျော် ရှိ တယ်၊ တရားဝင်အတိအကျ ဝယ်ယူမှုတွေကတော့ ဒေါ်လာသန်းပေါင်း ၄ဝ၅၈ သန်း ရှိတယ်လို့ ဖော်ထုတ်ထားပါတယ်။ နယူးယောက်မြို့နဲ့ ဆန်ဖရန်စစ္စကိုမြို့တွေက အိမ်ကြီးများ၊ ဒေါ်လာ ၃၅ သန်းတန်တဲ့ ဇိမ်ခံဂျက်လေယာဉ်ကြီး၊ ဒါဗင်ချီ၊ ဗန်ဂိုး စတဲ့ ကမ္ဘာကျော်ပန်းချီဆရာတို့ရဲ့ ပန်းချီကားကြီးများ စတဲ့ ဝယ်ယူမှု အသေးစိတ်ကိုလည်း အမေရိကန်မီဒီယာများက ဖော်ထုတ်ထားပါတယ်။ အမေရိကန်အစိုးရက ဒါကြောင့် ရာဇဝတ်မှုဖြစ်ကြောင်း၊ ဖော်ထုတ်ရမယ်ဖြစ်ကြောင်း ၂ဝ၁၆ ၊ ၂ဝ၁၇ ကတည်းက တောက်လျှောက်ပြောခဲ့ပါတယ်။

မဟာသီယာ ၉၂ နှစ်အကြောင်းပဲ ဆက်ရေးပါမယ်။

● မဟာသီယာ လုပ်ဆောင်ချက်များ
သိပ်အားရစရာကောင်းပါတယ်။ စံနမူနာလဲ ပြပါတယ်။ သူမွေးမြူခဲ့တဲ့နာဂျစ် ဝန်ကြီးချုပ်ရာထူးရလာတော့ ၂ဝဝ၉ ခုနှစ် ကစပြီး တိုင်းပြည်ရဲ့ ရေနံဓါတ်ငွေ့ ဝင်ငွေ ဘီလျံများစွာ စနစ်တကျ အဂတိနည်းနဲ့ယူပါတော့တယ်။ မလေးရှားနိုင်ငံရဲ့ အဓိက ဝင်ငွေက ရေနံဓါငွေ့ဖြစ်ပါတယ်။ နိုင်ငံက ရေနံအလွန်ကြွယ်ဝပေမဲ့ မဟာသီဝန်ကြီးချုပ် ပထမအကြိမ် ၂၂ နှစ် ကာလမှာ ရေနံဝင်ငွေတွေ သုံးစွဲပြီး စက်မှုနိုင်ငံတော်ဖြစ်အောင် ဘက်စုံပြုစုပျိုးထောင်ခဲ့ပါတယ်။ ဆရာဝန်ဘဝကနေ နိုင်ငံရေးသမား ဖြစ်လာသူ ဒေါက်တာ မဟာသီယာကို အာဏာရှင်လို့သတ်မှတ်ကြပေမဲ့ စိတ်ချရတဲ့ ခေါင်းဆောင်တွေကို အဏာလွှဲပေးပြီး အေးဆေးစွာနေခဲ့ပါတယ်။ နာဂျစ်အုပ်စုက ၂ဝဝ၉ မှာ ပါတီတွင်းခေါင်းဆောင်ဖြစ်လာတော့ အဂတိတွေ မကြုံစဖူး ဖြစ်လာ ပါတယ်။



၁ဝ နှစ်ကျော် နိုင်ငံဘဏ္ဍာတွေ ခိုးယူနေတာကို လက်ပိုက်ကြည့်နေရတယ်။ အထူးသဖြင့် အမေရိကန်နဲ့ အိမ်နီးချင်းအစိုးရ အဂတိတိုက်ဖျက်ရေးများက နာဂျစ်နဲ့သူ့ဇနီးသည် ကမ္ဘာအနှံ့ရှိနေတဲ့ ပိုင်ဆိုင်မှုများစွာ ဖော်ထုတ်သိမ်းဆည်းတာတွေ လုပ် ကြပါတယ်။ နာဂျစ်အစိုးရက ကျေးလက်တွေကို လူပြိန်းနည်းနဲ့ ဘာသာရေး ဘန်းပြစည်းရုံးပါတယ်။ အဖိုးကြီး မဟာသီယာ ကြီးက ၃ နှစ်ကြာအောင် လမ်းမပေါ်ထွက် ဆန္ဒပြရတာ ရဲ ခဏခဏ စစ်ခံရပါတယ်။ ဆရာဖြစ်နေတော့ နာဂျစ်က မဖမ်းနိုင် ခဲ့ပါဘူး။ အခုတော့ ရှုံးသွားပါပြီ။ မလေးရှားစနစ်အရ ဘုရင်ကြီးထံ ၂ ယောက်သွားပြီး ကတိပြုကြတယ်။ မဟာသီယာက ဝန် ကြီးချုပ်အဖြစ် ကျမ်းကြိမ်တယ်။ ဘုရင်ကြီးက ထောင်ချထားခံရတဲ့ အန်နဝါကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်။ ပိုငယ်ရွယ်တဲ့ အန်နဝါက အနာဂါတ်ဝန်ကြီးချုပ် ဖြစ်လာမယ်။ နာဂျစ်ကတော့ အင်ဒိုနီးရှားကို ပြေးရှောင်ခွင့်ရပြီး ခေါင်းရှောင်သွားပါပြီ။

နာဂျစ် က ဘုရားသခင် (ကံတရား) ကိုလက်ခံပြီး မလွဲမရှောင်သာ အာဏာလွှဲပေးရတယ်။ တော်သေးတယ် အင်္ဂလိပ်စနစ်က ကောင်းလွန်းတော့ နာဂျစ်က စစ်တပ်ကို ခါးပိုက်ထဲ မထည့်နိုင်ဘူး။ စစ်တပ်ကိုသာ နာဂျစ် ပိုင်ရင် အာဏာသိမ်းမှာ သေချာ တယ်။ စစ်တပ်ထောက်ခံမှုယူပြီး မြောက်ကိုးရီယားလို ရုရှားသမ္မတပူတင်လို ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်လို အာ ဏာရှင်လုပ်နိုင်မှာ။ မလေးရှားမှာ စစ်တပ် နိုင်ငံရေးမပါဝင်စေတဲ့ စနစ်အခိုင်မာ ရှိနေပါတယ်။

● မဟာသီယာ အကြီးမားဆုံးလုပ်ဆောင်မှုကြီး
သူအာဏာရှိစဉ် ထောင်ချနှိပ်ကွပ်ခဲ့တဲ့ အန်နဝါနဲ့ ဇနီးသည်တို့ကို တောင်းပန်ခဲ့ပါတယ်။ တို့တတွေ အတူပူးပေါင်း အတိုက် ခံပါတီအဖြစ် နာဂျစ်ပါတီကို ပြိုင်မှရမယ် ၂ ယောက်စလုံးသိပါတယ်။ လူကြီးဖြစ်တဲ့ မဟာသီယာ တကယ်ပဲ ဝမ်းနည်းစွာ သူ့အပြစ်ကိုတောင်းပန်တော့ အန်နဝါ ဇနီးမောင်နှံက ခွင့်လွှတ်ပါတယ်။

အမှားကို ဝန်ချတောင်းပန် ခွင့်လွှတ်ခြင်း ဒါအကြီးမားဆုံး လုပ်ဆောင်မှုပါ။


မြန်မာပြည်အတွက်
ဘင်္ဂါလီ ရခိုင်ပြသနာမှာ မလေးရှားအစိုးရအသစ်က ကမ္ဘာ့နိုင်ငံ အများစု နဲ့ လိုက်နေမှာပါပဲ။ ဒါပေမဲ့ နာဂျစ်အစိုးရလို လူပိန်းကြိုက် တွေတော့လုပ်မှာမဟုတ်ပါ။ ဗွိုက် သတင်းစာ ချွန်ထူးဟန် ဆောင်းပါးအတိုင်း အာစီယံနိုင်ငံများအတွက် မင်္ဂလာအစိုးရသစ် ဖြစ်ပါတယ်။ မြန်မာအတွက် ဘင်္ဂါလီအရေး သိပ်ထူးခြားမှာ မဟုတ်ပေမဲ့ အာစီယံနိုင်ငံ အားလုံး အဂတိ နည်းပါးရေး အတူလုပ်ဆောင်တကယ်လုပ်ဆောင်ရင် ဒေသတခုလုံး လျင်မြန်စွာ တိုးတက်လာမှာဖြစ်ပါတယ်။ အဂတိ များပြားတဲ့ မြန်မာပြည်ခေါင်းဆောင်တွေ နာဂျစ်အုပ်စု အားကျသူများ ရှိမှာ သေချာပါတယ်။ အခု နာဂျစ်အုပ်စု ရှုံးနိုမ့် သွားတော့ မြန်မာအစိုးရ အဂတိတိုက်ဖျက်ရေး လုပ်ငန်းတွေ အားရစရာ ဖြစ်လာမှာပါ။

မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေ ဘယ်အချိန် အစိုးရလက်အောက် နေကြမလဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားလို့ မလွယ်တာထက် မဖြစ်နိုင်ဘူးပဲ ပြောရပါမယ်။ တရုပ်ပြည် ပြောင်းလဲတာလဲ တိန်ရှောင်ဖိန့် စစ်ဦးစီးချုပ် ရာထူးကို ယူထားလို့ပါပဲ။ စစ်တပ် အလွန်အရေးပါတာ စစ်တပ်ကို အပုပ်ချသူများ ပိုသိပါတယ်။ ခိုင်မာစိတ်ချရတဲ့ စနစ်တခု လက်နက်ကိုင်တပ်များရဲ့ ငြိမ်းချမ်းရေးပေါ်မှာပဲ မူတည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၂ဝ နှစ်ကြီးပေမဲ့ မဟာသီယာကြီးက လမ်းချော်သွားတဲ့ နာဂျစ်နဲ့အုပ်စုကို ဖယ်ရှားနိုင် ပါပြီ။ မြန်မာပြည်ကတော့ စစ်တပ် ၂၅ ရာခိုင်နှုန်း  ဘင်္ဂါလီ၊ ရခိုင်၊ ကချင်၊ ကိုးကန့်၊ ဝ ၊ ရှမ်းလက်နက်ကိုင်များရဲ့ နောက်ကွယ်က အိမ်နီးချင်း တရုတ်နိုင်ငံရှိတယ်။ မြန်မာပြည်မှာ ခေတ်စကား "ပိန်း" ဆိုတဲ့ (စစ်တပ်မဟုတ်တဲ့) အင်အားကြီးအုပ်စုကြီးလဲ ရှိနေပါတယ်။ ဒါပေမဲ့ အစိုးရခေါင်းဆောင်တွေ အဂတိနည်းလာရင် မြန်မြန်အောင်မြင်မှာပါ။
နိဂုံး (ခေါင်းဆောင်ကောင်း)
မဟာသီယာ ကြီးကို ပြည်သူကထောက်ခံလို့ အနိုင်ရသွားတာပါ။ မြန်မာပြည်က အသက်ရွယ်ရသူများ အတတ်နိုင်ဆုံး ဖြောင့်မတ်စွာ သေသည့်တိုင် ကျင့်ကြံ နေထိုင် ပြောဆိုဖို့ အလင်းပြလိုက်တာပါပဲ။ အတွင်းအား ဝိညာဉ်ရေး အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ မဟာသီယာကြီးလို မနက်တိုင်း တနာရီ ဘုရားတရားနဲ့ ဝိညာဉ် အတွင်းအားယူ တယ်။ မနက်နိုးတာနဲ့ ပြဿနာများဝိုင်းနေသူကတော့ ဒီဘဝမှာ ငွေ အာဏာလဲ မတည်မြဲပါဘူး။ အမှန်တရားထက် မိမိနိုင်ငံ မိမိမိသားစု ကောင်းလာဖို့ပဲ ပိုအရေးကြီးပါတယ်။

အရှေ့တောင်အာရှ အင်ပါယာနိုင်ငံများမှာ အမေရိကန်စတိုင်နဲ့ တရုတ်စတိုင် ၂ မျိုး ရှိပါတယ်။ မြန်မာ ဗီယက်နမ် လာအို အုပ်စုက တရုတ်စတိုင်အစိုးရ စစ်တပ်က ရုရှားလက်နက်ဝယ်ယူ နေကြပါတယ်။ ဘယ်လိုပဲဖြစ်ပစေ အဂတိနည်းပါးမှ တိုင်း ပြည် စီးပွားတိုးတက်မှာပါ။ အာစီယံမှာ ဒုတိယအချမ်းသာဆုံး မလေးရှား အဂတိကြီးတဲ့ နာဂျစ်အစိုးရကို ဒီမိုကရေစီ ရွေး ကောက်ပွဲနည်းနဲ့ဖြုတ်ချနိုင်တာ ဝမ်းမြောက်စရာ ဖြစ်ရပ်ပါ။

အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။ (ရောမ ၁၂)

Comments