ချင်းတွင်း မဂ္ဂဇင်း မိုးရေစက်နဲ့အတူ ပြန်ထွက်လာတော့မယ်



ချင်းတွင်း မဂ္ဂဇင်း မိုးရေစက်နဲ့အတူ ပြန်ထွက်လာတော့မယ်
K (မိုးမခ) မေ ၃၁၊ ၂၀၁၈


စာပေမဂ္ဂဇင်းတစောင်ဖြစ်တဲ့ ချင်းတွင်းမဂ္ဂဇင်း အတန်ကြာရပ်နားထားရမှ ယခု ဇွန်၊ ဇူလိုင်အမီ ၂လ တကြိမ် ပြန်လည် ထုတ်ဝေသွားတော့မယ်လို့သိရပါတယ်။

ယခုပြန်လည်ထုတ်ဝေသွားမယ့်ချင်းတွင်းမဂ္ဂဇင်းမှာ စာမူလက်ရာများကို ယခင်ထုတ်ခဲ့တဲ့မူပုံစံအတိုင်းပဲ ထည့်သွင်းဖော်ပြ သွားမယ်လို့သိရပြီး အယ်ဒီတာများကတော့ အတိုင်ပင်ခံ- ကိုတာ၊ တာဝန်ခံအယ်ဒီတာများကတော့ ဒေါက်တာမြင့်ဇော်၊ ဥာဏ်သာဇော်တို့ဖြစ်ပါတယ်။

ပြန်လည်ထုတ်ဝေမယ့် ချင်းတွင်းမဂ္ဂဇင်းနဲ့ပတ်သက်ပြီး တာဝန်ခံအယ်ဒီတာတဦးဖြစ်တဲ့ ဥာဏ်သာဇော်က “ယခင် ကလောင်တွေကိုအားပြုပြီး အသစ်တွေကိုလည်း ထည့်သွင်းဖော်ပြသွားမယ်၊ ဖတ်စရာ၊ မှတ်စရာ၊ တွေးစရာတွေလည်း ပါအောင် ကြိုးစားသွားပါမယ်”လို့ ပြောပြပါတယ်။

ယခုပြန်ထွက်မယ့် ချင်းတွင်းမဂ္ဂဇင်းမှာလည်း ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဘာသာပြန်၊ ယဉ်ကျေးမှု၊ ပညာရပ်ဆိုင်ရာ ကဏ္ဍ များ ပါဝင်ပြီး မောင်အောင်ပွင့်၊ အောင်ဇင်မင်း၊ မောင်လင်းကြည်၊ မြင့်သန်း၊ စောလူ၊ ဒေါက်တာတင်အောင်၊ ကိုတာ၊ ဂျူး၊ မြ၀င်း(ဒဿန)၊ နွဲ့ကေခိုင် အစရှိတဲ့ ကလောင်များ ပါဝင်တယ်လို့သိရပါတယ်။

Comments