တေရသမ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲအခမ်းအနား ကျင်းပ


တေရသမ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲအခမ်းအနား ကျင်းပ
K (မိုးမခ) မေ ၂၈၊ ၂၀၁၈


(၁၃) ကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲကို မေလ ၂၆ ရက် (စနေနေ့) ညနေ ၆ နာရီမှာ ရန်ကုန်မြို့ ပြည်လမ်းမှာရှိ တဲ့ တော်ဝင်ဂါးဒင်းဟော်တယ်မှာ ကျင်းပခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း ရွှေအမြုတေစာပေဆုပေးပွဲကို ရွှေအမြုတေမဂ္ဂဇင်းနဲ့ ရွှေအမြုတေစာပေဆုတို့ရဲ့ပဲ့ကိုင်ရှင် ဆရာဦးဝင်းငြိမ်း ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲနဲ့အတူ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် (၁၃) ကြိမ်မြောက်ဖြစ်ပါတယ်။

နှစ်စဉ် ဇွန်လကနေ နောက်နှစ် မေလ ဆယ့်နှစ်လတာအတွင်း ထွက်သမျှ မဂ္ဂဇင်းတွေထဲကမှ ရွေးချယ်ပြီး ကဗျာဆု၊ ဆောင်းပါးဆု၊ ရသစာတမ်းဆု၊ မျိုးဆက်သစ်စာပေဆု၊ ဝတ္ထုတိုဆု၊ မဂ္ဂဇင်းဝတ္ထုရှည်ဆု (စ/ဆုံး) နဲ့အခန်းဆက်မဂ္ဂဇင်း ဝတ္ထုရှည်ဆုတို့ကို ရွှေအမြုတေစာပေဆုရွေးချယ်ရေးအဖွဲ့ကဖတ်ရှုဆုံးဖြတ်ပြီး ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ဆုရရှိခဲ့သူများကတော့ ကဗျာဆု-ညီမင်းညို၊ ဆောင်းပါးဆု- ခင်သန္တာ၊ ရသစာတမ်းဆု-ပီဆာမိ၊ ဝတ္ထုတို ဆု- ဟမ်စိုင်း(ဆေး/မန်း)၊ ဝတ္ထုရှည်ဆု (စ/ဆုံး)- မြစ်ကျိုးအင်း၊ မျိုးဆက်သစ်စာပေဆု-မိုးဦးနေတို့ကရရှိခဲ့ပါတယ်။

ယခုဆုပေးပွဲအခမ်းအနားသို့ စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရုင်နယ်ပယ်မှ သရုပ်ဆောင်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည် တော်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားအစီအစဉ်တလျှောက်လုံးကို ရွှေအမြုတေမဂ္ဂဇင်း လူမှုကွန်ရက်စာမျက်နှာပေ့ ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

Comments