နေစိမ့် - ဆေးမင်ကြောင်

ဆေးမင်ကြောင်
နေစိမ့်
(မိုးမခ)၊ မေ ၁၃၊ ၂၀၁၈
 

ပွင့်လင်းရာသီမရောက်ခင်
ဒိုင်းတွေဆင်တယ်
မြားတွေချွန်တယ်။

အပစ်အခတ်ရပ်စဲရေးခေါင်းစဉ်အောက်
နှစ်ဦးသဘောတူ စာချုပ်ချုပ်ပြီးတာနဲ့
ငြိမ်းချမ်းရေးညစာ စားကြပြီ။

စစ်ပွဲတပွဲ ယမ်းငွေ့တိတ်သွားရင်
သမိုင်းကရေးသွားတဲ့ဇာတ်ဝင်ခန်းတွေ
အမှားပြင်ဆင်ချက်ထုတ်လို့ မရတော့ဘူး။ ။


Comments