ေ မ ာ င္ ေ မာ် ကွ န်း - ကြွက်နဲ့ကြောင်





ကြွက်နဲ့ကြောင်
 
ေ မာ င်ေ မာ် ကွ န်း 
(မိုးမခ) မေ ၁၆၊ ၂၀၁၈
 
ကြွက်အနံ့ကို ကြောင်သိတယ်
ကြောင်အနံ့ကိုလည်း ကြွက်သိတယ် ။

အနံ့ကိုသိကြတာချင်းအတူတူ
အကင်းပါးကြတာကလည်း ဒင်းတို့ချင်း ပညာခန်းပြိုင်တဲ့ထိ ။

ကြောင်ရဲ့အကင်းပါးမှုက သူ့ကိုယ်သူ ယုံကြည်တယ်
ကြွက်ရဲ့အကင်းပါးမှုက သူ့ကိုယ်သူ မယုံရဲဘူး စိတ်မချဘူး ။

ကြောင်ရဲ့အကင်းပါးမှုက ကြွက်ကိုနှိမ်နှင်းဖို့
ကြွက်ရဲ့အကင်းပါးမှုက ကြောင်ရဲ့အန္တရာယ်ကာကွယ်ဖို့ ။

ကြောင်ပြေးလမ်းက ကြွက်ရှိရင် ရှည်လျားကျယ်ဝန်းတယ်
ကြွက်ပြေးလမ်းက ကြောင်ရှိရင် တိုတောင်းကျဉ်းကျုံ့တယ် ။

ကြောင်က သူ့ပြေးလမ်းကို ယုံကြည်မှုနဲ့သတ္တိနဲ့တည်ဆောက်တယ်
ကြွက်က သူ့ပြေးလမ်းကို အကြောက်တရားနဲ့တည်ဆောက်တယ် ။

ကြောင်ပြေးလမ်းပေါ်  ကြွက်လုံးဝမလာရဲပေမယ့်
ကြွက်ပြေးလမ်းပေါ် ကြောင်ကအပျော်ကြီးပျော်နေတတ်တယ် ။

ကြောင်ရဲ့နေထိုင်မှုပုံစံက အဆင့်မြင့်တယ်ပြောရမယ်
ကြွက်ရဲ့နေထိုင်မှုပုံစံကတော့ ခိုးကြောင်ခိုးဝှက်ဘဝ ။

ကြောင်က မွေ့ယာပေါ် ဆိုဖာပေါ် ဒရင်းဘက်ပေါ် ဇိမ်ကျနေချိန်
ကြွက်ကတော့ မှောင်ရိပ်ခို အကြိုအကြား ခိုးဝှက်ဖို့ပဲကြံနေတယ် ။

ကြောင်က ဖန်သားပြင်ရှေ့မှာ ဇာတ်လမ်းတွဲကြည့်နေချိန်
ကြွက်က အိုးခွက်ဇလုံတွေနဲ့ ဟဲဗိးရော့ ဆွဲနေလိမ့်မယ် ။

ကြောင်က လူလိုသူလို အဆင့်မြင့်မြင့်နေရသလို
ကြွက်ကလည်း တွင်းအောင်းဆိုပေမယ့် ထုတ်တန်းခေါင်ထိပ်သူ့အိပ်ယာချည့်ပဲ ။

သတိထားမိတာတခုက
ကြောင်ရောကြွက်ပါ အရှက်အကြောက်ကြီးပုံရတယ် ။
သူတို့တွေရဲ့သံဝါသဇာတ်ရှုပ် ရုပ်ဆိုးအကျည်းတန်တာ
တခါဖူးမှလူမြင်ကွင်းမှာမတွေ့ရတာပဲ ။

ကာဣနြေ္ဒကျသ်လစ်သိုသိပ်သလောက်
ကမြင်းတာ ဆော့တာကတော့
ကြောင်မျက်စိနောက်လောက်အောင် ကြွက်ကသောင်းကျန်းတယ် ။

အဲဒီအခါမျိုးဆိုရင်တော့လား
ကြောင်ရဲ့နှိပ်ကွပ်မှုကို အနှီကြွက် ဘဝပေးဆပ်သွားရကာပဲ ။

ပြောရရင်တော့
ကြွက်ဆိုတာ အနှောက်အယှက် အဖျက်အမှောင့် ဝါဒီ
ကြောင်ကတော့ အဲဒီမိစ္ဆာတွေကို နှိမ်နှင်းတိုက်ထုတ်ရေးပဲ ။

သေချာတာတခုက
ကြောင်ရှိရင် ကြွက်တို့ ငြိမ်တာပါပဲ
ကဲ , ဒါဆိုရင် ... ကြောင်မွေးကြရအောင် … … …  ။   ။


mmk [ 12.2.18 / 1:55 p.m. ]

Comments