သျှင်မိုးပြေး ● ဒီဓါတ်ခွဲခန်းမှာ ကိုယ်ဟာ ပိုလျှံပစ္စည်း

 
 သျှင်မိုးပြေး ● ဒီဓါတ်ခွဲခန်းမှာ ကိုယ်ဟာ ပိုလျှံပစ္စည်း
(မိုးမခ) မေ ၂၇၊ ၂၀၁၈

အန္တရယ်များတဲ့ ခေါင်းစဉ်တခုပါပဲ
မင်းမရှိတဲ့မနက်တခုနဲ့ စိတ်ကူးကိုစလိုက်ရင်ပဲ
ကိုယ်ဟာ ပင်လယ်ထဲမှာတိတ်ဆိတ်နေရတဲ့ မီးပြတိုက်ဟောင်းလို
မနေ့ကထက် ပိုပြီးအေးစက်ညိုမှောင်တယ်။

အိပ်မက်မမက်ရဲတဲ့ကောင်မှာ
စွယ်တော်ရွက်တွေ ပိုင်ဆိုင်ခွင့်မရှိ။

စီးသူမဲ့နေတဲ့ရထားဟောင်းတွေထဲကျန်ရစ်ခဲ့တဲ့ ကတိတွေအတိုင်း
ရနံ့တွေဟာ မချိုမြတော့တဲ့နောက်တော့
အနံအလျားထဲ စုံးစုံးမြုပ်သွားတဲ့ အနုညာတတွေရဲ့ ခေါင်းငုံ့မှုနဲ့
ဇက်သတ်ထားတဲ့ တေလေသီချင်းကို
မျှားချိတ်မှာတေ့ထားတဲ့ ရင်ကွဲညနေခင်းပဲ ..
အသံအိုးထဲ ကျိုးကြေနေတဲ့ အကာမဲ့အနေမဲ့နှင်းမိုးရိုင်း စကားသံတွေ
နွေးထွေးတဲ့ မျက်ရည်တွေဟာ ကိုယ့်ကို နာခံခဲ့ကြတယ်။

သျှင်မိုးပြေး

Comments