စွန့်ပစ်လူသုံးကုန်ပစ္စည်းများနဲ့ဖန်တီးထားတဲ့ မွန်ဟော်စီရဲ့အင်စတော်လေးရှင်းပြပွဲ


စွန့်ပစ်လူသုံးကုန်ပစ္စည်းများနဲ့ဖန်တီးထားတဲ့ မွန်ဟော်စီရဲ့အင်စတော်လေးရှင်းပြပွဲ
K (မိုးမခ) မေ ၄၊ ၂၀၁၈

စွန့်ပစ်လူသုံးကုန်အမှိုက်များကို ပြန်လည်အသုံးပြုဖန်တီးလေ့ရှိတဲ့ စာရေးဆရာမ၊ အင်စတော်လေးရှင်း တင်ဆက်သူ မွန် ဟော်စီ Mon Halseyရဲ့(၅)ကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲ 'လှသော အမှိုက်များ (Beautiful Trash)' အမည်ရတဲ့ အင်စတော်လေးရှင်းပြပွဲကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်ရှိ The Yangon Gallery မှာ မေလ ၅ ရက်နေ့မှ စတင်ပြီး ၆ ရက် နေ့ထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါအင်စတော်လေးရှင်းပြပွဲမှာ ပြန်လည်အသုံးပြုရတဲ့ ပစ္စည်းများဖြစ်တဲ့ ရေသန့်ဘူး၊သတင်းစာစက္ကူ၊ ပလတ်စတစ်၊ သစ်ကိုင်းခြောက်တို့နဲ့ဖန်တီးထားတဲ့ Installation Arts များကို ပြသသွားမှာဖြစ်ပြီး ပြပွဲချိန်အတွင်း မွန်ဟော်စီရေး သားထားတဲ့ “စိတ်ပျော်အောင်နေတတ်ဖို့”စာအုပ်ကို အမှတ်တရ လက်မှတ်ထိုးရောင်းချသွားမှာလည်း ဖြစ်ကြောင်း သိရပါတယ်။

ပြပွဲကို မတ်လ၅ရက်နေ့မှ ၆ရက်နေ့ထိ နံနက် ၁၀နာရီမှ ညနေ ၆နာရီထိ ၀င်ကြေးမဲ့ အခမဲ့ပြသသွားမှာဖြစ်ပါတယ်။

စာရေးဆရာမ၊ အင်စတော်လေးရှင်းပြသသူ မွန်ဟော်စီ Mon Halsey ဟာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်းအခြေခံထားတဲ့ “ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်” လုံးချင်းစာအုပ်ကိုလည်း ထုတ်ဝေထားပါတယ်။

Comments