ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်
K (မိုးမခ) မေ ၈၊ ၂၀၁၈


ပုံစာ- ရွှေအမြုတေ စာပေဆုပေးပွဲ (ရွှေအမြုတေမဂ္ဂဇင်းပေ့မှ)

လာမယ့် ၂၀၁၈၊ မေလ(၂၈)ရက်နေ့၊ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် ဆရာဦးဝင်းငြိမ်းရဲ့ ၇၂နှစ်မြောက် မွေးနေ့မှာ ကျင်းပပြုလုပ်မယ့် ရွှေအမြုတေ စာပေဆုများကို ခန့်မှန်းရင်း စာအုပ်လက်ဆောင်များ ရယူနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

ဆရာဦးဝင်းငြိမ်းရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲနဲ့အတူ နှစ်စဉ်နှစ်တိုင်း ရွှေအမြုတေစာပေဆုပေးပွဲကို ကျင်းပခဲ့တာ ဒီနှစ် ဆို ရင် (၁၃) ကြိမ်မြောက်ဖြစ်ပါတယ်။ နှစ်စဉ် ဇွန်လကနေ နောက်နှစ် မေလ ဆယ့်နှစ်လတာအတွင်း ထွက်သမျှ မဂ္ဂဇင်းတွေ ထဲကမှ ရွေးချယ်ပြီး ကဗျာဆု၊ ဆောင်းပါးဆု၊ ရသစာတမ်းဆု၊ မျိုးဆက်သစ်စာပေဆု၊ ဝတ္ထုတိုဆု၊ မဂ္ဂဇင်းဝတ္ထုရှည်ဆု (စ/ဆုံး) နဲ့အခန်းဆက်မဂ္ဂဇင်းဝတ္ထုရှည်ဆုတို့ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ရွှေအမြုတေ စာပေဆုများကို ခန့်မှန်းဖြေကြားမယ့်သူများအနေနဲ့ ရွှေအမြုတေမဂ္ဂဇင်း Page မှာ ၂၀၁၈ခုနှစ် (၁၃) ကြိမ် မြောက်ရွှေအမြုတေစာပေဆု ၁။ ဆောင်းပါးဆု ၂။ ကဗျာဆု ၃။ ရသစာတမ်းဆု ၄။ ဝတ္ထုတိုဆု ၅။ ဝတ္ထုရှည်ဆု စ/ဆုံး ဆု ၆။ မျိုးဆက်သစ်ဆု၇။ အခန်းဆက်ဝတ္ထုရှည်ဆု ဆိုကာ စာရေးဆရာ၊ စာမူအမည်၊ ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းအမည်ကို ရေးသား ခဲ့ရမှာဖြစ်ပြီး တစ်ယောက်ကို ကောမန့်တစ်ခုပဲ ဖြေရမှာ ဖြစ်ပါတယ်။ ဆုတိုင်း မဖြေလည်းရပေမယ့် အဖြေကို အနည်းဆုံး နှစ်ခု မှန်ရပါမယ်။ ဆုတစ်မျိုးတည်း ဖြေထားသူများကို ထည့်သွင်းရေတွက်မှာ မဟုတ်ဘဲ မေလ ၂၅ ည ၁၂ နာရီအထိ စိတ်တိုင်းကျ ဖြေလို့ရပါကြောင်း သိရပါတယ်။

ခန့်မှန်းမှုများ မှန်ကန်ခဲ့ပါက ပထမအမှတ်တရ၊ ဒုတိယ အမှတ်တရ၊ တတိယအမှတ်တရ ဆိုပြီး အဖြေမှန် အများဆုံး ၃ ယောက်ကို ရွှေအမြုတေမဂ္ဂဇင်းပေ့ကနေ ဆုလက်ဆောင်စာအုပ်များ ပေးသွားမှာ ဖြစ်ပါတယ်။

(၁၃) ကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို မေလ ၂၆ ရက် (စနေနေ့) ညနေ ၆ နာရီမှာ ရန်ကုန်မြို့ ပြည်လမ်းမှာရှိ တဲ့ တော်ဝင်ဂါးဒင်းဟော်တယ်မှာ ကျင်းပမယ်လို့သိရပါတယ်။

Comments