စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအုန်းမောင်ရေးတဲ့ စာအုပ်ထွက်ရှိ



စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအုန်းမောင်ရေးတဲ့ စာအုပ်ထွက်ရှိ
K ငြိမ်းချမ်း၊ မိုးမခ၊ မေ ၈၊ ၂၀၁၈

ဒေါက်တာအုန်းမောင်ရေးသားတဲ့ စာစုပေါင်း ၁၄၀ကျော်ပါဝင်တဲ့ ဖေ့ဘုတ်ပေါ်က ဓမ္မရသစာစု စာအုပ် ထွက်ရှိ လာပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအုန်းမောင်ဟာ ယနေ့ မဂ္ဂဇင်း၊ ဂျာနယ်များမှာ စိတ် ရောဂါအကြောင်း၊ စိတ်ရောဂါနဲ့ပတ်သက်ပြီး ပညာပေးဆောင်းပါးစာအုပ်တွေ ရေးသားနေသူဖြစ်ပါတယ်။

ယခုစာအုပ်ကတော့ ဆေးပညာရပ်ဆိုင်ရာစာအုပ်မဟုတ်ဘဲ လူမှုဝန်းကျင်မှာ တရားနဲ့နိုင်ငံရေး ဘက်နွယ်တဲ့စာ စုလေးများကို စုစည်းထုတ်ဝေထားတာဖြစ်ပါတယ်။

ပါဝင်တဲ့စာစုများကတော့ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း ၁။ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း၂။ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း၃။ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း၎။ လှူနိုင် ပေးနိုင် ကျွေးနိုင်အောင်။ အားကိုးစရာ။ သေရာမှ မကြောက်တဲ့တရားလေးပါး။ ဘ၀ရဲ့ဒုက္ခ။ FBသတင်းနဲ့ပတ်သက်လို့။ ကံ၊ဥာဏ် ၀ိရိယ။ အဖိုးတန်ဒီနေ့။ နှလုံး သား ဘုရားတည်နည်း။ နှလုံးသွင်းပါ။ ငါဆိုတာ။ အဓမ္မလွမ်းမိုးတဲ့ကမ္ဘာ။ ဝေဖန်၊နှလုံးသွင်း၊တရားမှတ်။ တရား နာကြပါ။ အိပ်ကာနီးပြုစရာ။ စကြာပုံပါ ဘုရားဟုတ်မဟုတ်။ သတိပဌာန်အကျိုး၊ ၀ိပဿနာအလုပ်။ ဓာတ်ကြီး လေးပါး ပွားနည်း။ ခန္ဓာကိုယ်စောင့်ကြည့်နည်း။ စိတ်ကို နိုင်နည်း။ အဖိုးတန် စကား၎ခွန်း။ နိမ့်တဲ့ နေရာ ရောက် ရင်။ တရားမရှိတဲ့ လူတွေကြားရောက်ရင်။ ခံစားရတာနဲ့ပေးဆပ်ရတာ။ ဘုရားချီးမွမ်း တဲ့အလုပ် နှစ်ခု။ နီဝရဏ တရားငါးပါး။ ကုသိုလ်တရားဆိုတာ ဘာလဲ။ ကုသိုလ်ကောင်းမှုအကျိုးကျေးဇူး။ ချမ်းသာကြောင်း တရားလေး ပါး။ နောင်တ။ ဆေးခန်းက လူနာတွေ။ ရဋပါလသုတ်။ အာရုံတွေနောက် မလိုက်ကြပါနဲ့။ အချမ်းသာဆုံးနေရာ။ အိပ်ရာထ ဆောင်ရွက်စရာ။ သဒ္ဒါ။ စွမ်းရည်လေးမျိုး။ဗုဈာန်လောကံ။ ဧည့်သည်လေးမျိုး။ မင်္ဂလာတရား။ မှတ် သားစရာ ၅ခု။ ဒုက္ခကြောင်းရင်းခံ။ မဂ္ဂသစ္စာ။ ပစ္စုပ္ပန်တည့်တည့်။ တစ်နေ့၁၀မိနစ်တာ။ တရားမှတ်နည်း။ အစွန်း နှစ်ပါး။ စိတ်မထိခိုက်အောင်။ စိတ်မဆင်းရဲအောင်။ ခန္ဓာကိုယ်သဘောအမှန်။ ပါဝေယကသုတ်။ သတင်းစာထဲ က ဘုရားမကြိုက်တဲ့လူမိုက်တွေ။ ဗဟုကာရသုတ်။ အသက်ရှင်ရခြင်းရဲ့ရည်ရွယ်ချက်။ ဘုရားအကြိုက် အစာ စား နည်း။ ရွှေအိုးကြီး ၄လုံးနဲ့မြေအိုး။ မှန်ကန်သော အမြင်။ ယခုဘာလုပ်သင့်သလဲ။ ကောင်းသော အလုပ်။ မှန်သော စကား။ စီးပွားရှာနည်း။ သတိနဲ့သမာဓိ။ ပုဂ္ဂိုလ်၎မျိုးနှင့် သာသနာပြုနည်း။ သက်ကြီးပူဇော်ပွဲမှ အ တွေး။ အဆိုးနဲ့အကောင်းရင်ဆိုင်နည်း။ အမြင့်မြတ်ဆုံးကုသိုလ်။ ကပ်ဘေးရင်ဆိုင်နည်း။ အမြင့်မြတ်ဆုံး၎ခု။ ကြီးပွားကြောင်းတရား ၇ပါး။ ကံ။ အလိမ်မခံရအာင်။ မေတ္တာတန်ခိုး။ မအိုချင်ရင်။ စိတ်ရဲ့သဘော ၃မျိုး။ လော ဘလျှော့နည်း။ ကံကပြောတဲ့နိမိတ်။ ပထမဆုံးတရားထဲက ပထမဆုံးအကြောင်းအရာ။ စကားပြောနည်း။ ဒါန လုပ်နည်း။ တစ်ရက် ၅မိနစ်လောက်ပါ။ အမြတ်ဆုံးကုသိုလ်။ တစ်နေ့တာလုပ်ငန်း။ ပေးမှပေးနိုင်မှာပါ။ ညီညွတ် ရေး။ ရွေးကောက်ပွဲအပြီး။ ဦးထင်ကျော်။ ခြိုးခြံချွေတာရေး။ အစိုးရသစ်နဲ့ဆုတောင်း၁။ အစိုးရသစ်နဲ့ ဆုတောင်း ၂။ အစိုးရသစ်နဲ့ဆုတောင်း၃။ အစိုးရသစ်နဲ့ဆုတောင်း၎။ သက်ကြီး ပူဇော်ပွဲအကျိုး။ အမှုမှန်ပေါ်ပါစေ။ နိုင်ငံ ရေးဆုတောင်း ၁။ နိုင်ငံရေးဆုတောင်း၂။ နိုင်ငံရေးဆုတောင်း ၃။ သတင်းတွေ ၁။ သတင်းတွေ ၂။ နေ့စဉ် ဆုတောင်း။ အိပ်ခါနီး။ သမ္မတသစ်။ ကျေးဇူးသိတတ်ခြင်း။ ဆုတောင်း။ အလုပ်နှစ်ခု။ တိုင်းပြည်အတွက်။ တိုင်း ပြည်အတွက်ကျန်းမာရေးတို့ပါဝင်ပါတယ်။

ထုတ်ဝေသူ ဒေါက်တာဌေးအောင်ရဲ့အမှာစကားမှာ “ဆရာကြီးရဲ့တစ်နေ့ချင်း အတွေးလေးတွေကို ဖတ်ကြည့် ရာက တစ်စုံတစ်ခုသော အတွေးဟာ စာဖတ်သူအတွက် အကျိုးရှိခဲ့မယ်ဆိုရင် ထုတ်ဝေရကျိုးနပ်ပါပြီလို့ ယူဆ ပါတယ်။” လို့ရေးသားထားပါတယ်။

Comments