စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ အသက် (၈၁) နှစ်ပြည့်မွေးနေ့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်

စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ အသက် (၈၁) နှစ်ပြည့်မွေးနေ့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်
K (ဓာတ်ပုံ - Friends Of Moemakha)
(မိုးမခ) မေ ၁၇၊ ၂၀၁၈

စာပေလောက၊ နိုင်ငံရေးလောကမှ ဘကြီးမိုးလို့ ရင်းနှီးချစ်ခင်စွာခေါ်လေ့ရှိတဲ့ စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာ မောင် မိုးသူ အသက် (၈၁) ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမမှ ယနေ့ မေလ (၁၇) ရက်နေ့ မနက် ၁၀ နာရီကနေ နေ့လည် (၁၂) နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ဘကြီးမိုးအားချစ်ခင်သူ စာပေလောက၊ နိုင်ငံရေးလောကမှ လူဦးရေ (၅၀) ကျော် တက်ရောက်ခဲ့ ပါတယ်။

စာရေးဆရာမောင်မိုးသူဟာ အဖ သခင် ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇၊ မေလ ၁၇ ရက်နေ့၊ တနင်္လာနေ့၊ မန္တလေးမြို့မှာ မွေးဖွားခဲ့။ မွေးချင်းနှစ်ယောက်ရှိပြီး အမည်ရင်း ဦးစိန်မြင့်ဖြစ်ပါတယ်။ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း အမှုဆောင်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းအမှုဆောင်၊ မန္တလေးအသင်း အမှုဆောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ဗဟိုအမှု ဆောင်၊ မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်းခေတ်သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓနမဂ္ဂဇင်း၊ ကုမုဒြာဂျာနယ်၊ Perfect မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့။

လွယ်အိတ်တစ်လုံးနှင့် ရွာစဉ်လည် ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်၊ ပြောစရာတွေက အများကြီး၊ လွမ်းတော်မူလို့ စာ ကိုစီတယ် ပေါင်းချုပ် ဟံသာဝတီဦးဝင်းတင်နှင့်မောင်မိုးသူ အစရှိတဲ့ ပင်ကိုယ်ရေးလုံးချင်းစာအုပ်များရေးသားခဲ့သလို ဘာ သာပြန်ဝတ္ထုများအဖြစ် စိတ္တဇ (၁၉၆၅)၊ အိပ်မက်ကုန်သည် (၁၉၇၆)၊ သေနေ့ (၁၉၇၇)၊ ကြေးစား (၁၉၈၁)၊ အိပ်ဇိုးဒပ် (နိုင်ငံ တခု မွေးဖွားခြင်း)၊ ကျားကုတ် ကျားခဲ (၁၉၈၃)၊ သဲကြီးမဲကြီး (၁၉၈၂)၊ သူနိုင် ကိုယ်နိုင် (၁၉၈၂)၊ အချစ်ပုံပြင် (၁၉၈၂)၊ သက်စွန့်ဆံဖျား (၁၉၈၃)၊ စိန်ပီတာဘက်မှလူ (၁၉၈၃)၊ မာဖီးယားနှင့် ပေါ်ပီပန်း (၁၉၈၃)၊ ဂျိန်းစဘွန်း၏ အထူးတာဝန် (၁၉၈၃)၊ အိပ်ဇိုးဆေး (၁၉၈၄) ၊ အတိတ်တစ္ဆေ (၁၉၈၄)၊ လင်းယုန်တို့ အောင်ပွဲ (၁၉၈၄)၊ ရိုလာကိုစတာ ခု မကြည့်နဲ့ဦး (၁၉၈၅)၊ ငြိုးသူ့ရန်ဘက် (၁၉၈၅)၊ ပစ်မသွားနဲ့အချစ်ရယ် (၁၉၈၆)၊ အထွတ်အထိပ် (၁၉၈၇)၊ ရှက်ပြီးသေတဲ့သင်္ဘော စတဲ့ဘာသာပြန် စာအုပ်များကို ရေးသားခဲ့။

ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ အချစ်ဆုံးမုန်းသူ (ဝတ္ထု၊ မောင်သိန်းဆိုင်)၊ မုန်းရစ်လေဦး (ဝတ္ထု၊ တက္ကသိုလ် ဘုန်းနိုင်)၊ ချစ်လိုက်တာ မသည်းအူရယ် အပါအဝင် ဇာတ်ညွှန်းများစွာ ရေးသားခဲ့။

ကျနော့်နာမည် ကျော်ကျော် (ကျော်ဟိန်း၊ တင်တင်ညို)၊ မှုန်နံ့သာ ခြယ်ကာသပါလို့ (တွံတေးသိန်းတန်၊ တင်တင်ညို)၊ သက် ထားဆိုသော မိန်းမချော (ထွန်းဝေ၊မြတ်မွန်)၊ ဆောင်းမှာတွေ့သော မိန်းကလေး (ညွန့်ဝင်း၊ တင်တင်ညို)၊ စံရွှေမြင့် လေးခင် ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ တယ်တညင် (ကောလိပ်ဂျင်နေဝင်း၊ တင်တင်နွဲ့)၊ မမလေး ပန်စရာ (ကောလိပ်ဂျင်နေဝင်း၊ ချိုပြုံး၊ မြင့်မြင့်ခိုင်)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ)၊ တကယ်ချစ်ရဲ့လား (ဇော်လင်း၊ စန္ဒာ)၊ ကျမမှာ ချစ်သူရှိတယ် (ကော လိပ်ဂျင်နေဝင်း၊ ကျော်စွာဝင်း၊ ချော)၊ လွှတ်လပ်မှ အမျှဝေပါ (ကျော်ဟိန်း၊လင်းထင်၊ဆွေဇင်ထိုက်)၊ အပါ အဝင် ရုပ်ရှင်ကားများစွာကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင်ထူထောင်ကတည်းက တတ်သိပညာရှင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပြီး ယခု မိုးမခမဂ္ဂဇင်းတွင် နာယကအဖြစ်ဆက်လက်ဆောင်ရွက်နေပြီး မဂ္ဂဇင်း၊ ဂျာနယ်များမှာ ဆောင်းပါးများ ရေးသား လျက်ရှိပါတယ်။

Comments