လူနှင်းချို (မတ္တရာ) ● နိုင်ငံ​တာ်​ ဓာတ်​စာ

 

လူနှင်းချို (မတ္တရာ) ● နိုင်ငံ​တာ်​ ဓာတ်​စာ
(မိုးမခ) မေ ၁၇၊ ၂၀၁၈

ဒုက္ခ​တွေပင်​လယ်​​ဝေ​နေတာ​တောင်
ဈေးဆစ်​ခံရတဲ့
နာဂစ်​မ​လေးနဲ့ ငါတိုင်​ပင်​ခဲ့ဖူးတယ်
ငါရင်​နာတယ်

သူဟာ
လှလွန်းလို့
အ​မွေးခံရတဲ့ ငါးက​လေးတကောင်​လည်းမဟုတ်​ခဲ့ပါ
ငါရင်​နာတယ်

ခေတ်​ဆိုးကြီးရဲ့ရန်​ကွယ်​အဖြစ်
ဆွဲမိဆွဲရာလှမ်းဆွဲမိချိန်
အားကိုးရာ​ကောက်ရိုးတမျှင်​ရဲ့ဓားချက်​​အောက်
အသက်​​ပျောက်​ခဲ့ရတဲ့
သားမိသုံး​ယောက်​နဲ့ ငါတိုင်​ပင်​တယ်
ငါရင်​နာတယ်

သူတို့ဟာ
တုတ်​ဓားမပီးတဲ့ အငတ်​တိုင်းသူပြည်​သား​တွေပါ
သေဆုံးချိန်​မှပဲ
ဝဝလင်​လင်​ထွက်​ပြခဲ့တဲ့ သူတို့​သွေး​တွေ
ငါရင်​နာတယ်

သွေးမြင်​ရင်
မူး​မေ့သွားတတ်​တဲ့ ဥပ​ဒေ​တွေ ဘယ်​ကလာသလဲ
ဓားမြင်​ရင်​​ကြောက်​​တတ်​တဲ့
ဥပ​ဒေ​တွေ ဘယ်​ကိုသွားမှာလဲ
လမ်းခွဲထွက်​သွားတဲ့ ဥပ​ဒေ​တွေက
ဘယ်​​နေရာမှာဆုံကြမှာလဲ
ငါရင်​နာတယ်

ဖျား​နေတဲ့နိုင်​ငံအတွက်
ဥပ​ဒေဟာ ဓာတ်​စာ ဖြစ်​တယ်
ဓာတ်​စာ​တွေဟာ
ဘယ်​အရပ်​​ဒေသမှာ ဝင်းမှည့်​​နေပြီလဲ

မိသားစုတစ်​စု​တောင်
လှိုင်းတစ်​ချက်​ပုတ်​နဲ့ ဘဝပျက်​လို့ မပြီး​သေးဘူး
ဇာတ်တူ​အချင်းချင်းလှိုင်းပုတ်
တပြည်​​ထောင်​လုံးဖြိုချ​နေ​တော့မှာလား

တိုင်းသူပြည်​သား​တွေ
တိုင်းပြည်​ကို ဒိထက်​စိတ်​နာ​ကုန်​ရင်​ ခက်​မယ်

ရိုးရိုးသားသားပဲ မွဲပါရ​စေ
လုံလုံခြုံခြုံပဲ မွဲပါရ​စေ
သတ္တိရှိတဲ့ ဥပ​ဒေ​တွေရဲ့အနားမှာ
ခေါင်းပြား​အောင်​အိပ်​ပါရ​စေ

ရှေ့​လျှောက်
ဘယ်​သူနဲ့မှ မတိုင်​ပင်​ပါရ​စေနဲ့​တော့။ ။

Comments