နီလာမိုးဆွေ ● နိဂုံးတစ်ခု၏ နိဒါန်း


နီလာမိုးဆွေ ● နိဂုံးတစ်ခု၏ နိဒါန်း
(မိုးမခ) မေ ၁၄၊ ၂၀၁၈

ကြိုးတန်းပေါ်လမ်းလျောက်နေရသူအဖို့
အကြိမ်ကြိမ်တိုက်လာတဲ့ ဦးခေါင်းတွေက
အက်ရာပြုလာတဲ့ စိတ်နံရံအတွက်
နိစ္စဓူဝ အနတ္တတရား ...

အနိစ္စကို တွင်တွင်ရွတ်
ခြေကားယား လက်ကားယား ကကြိုးရှုတ်နေသူတွေကြား
အကြိမ်ကြိမ်ဦးချမိတဲ့ ဘုရားသခင်ဆိုတာ
မှ ... တပါး အခြားမရှိ ...

ဆေးထိုးပြီးမှည့်နေတဲ့ ရာသီပေါ်တွေကြား
သက်ရှိဘုရားက ကွယ်ပျောက်
အမှန်တရားဆိုတာက ရေများရာအရပ်မှာသာ ပွင့်လေကုန်သောအခါ ...

အဆူဆူ ပွင့်လာကုန်ကြတဲ့ ဘုရားငယ်တွေကြား
ငါ့၏ ဦးခေါင်း ....
ဘယ်တော့မှ မရွေ့
ဘယ်တော့မှ ဦးမညွှတ် ....။ ။

နီလာမိုးဆွေ

Comments