
အိဏ်ဝေး ● စိတ်ရဲ့ထွက်ပေါက်ဟာ စိတ်ထဲမှာ
(မိုးမခ) မေ ၁၈၊ ၂၀၁၈
(မိုးမခ) မေ ၁၈၊ ၂၀၁၈
သည်းခြေပျက်တဲ့အထိ ရူးသွပ်ဖူးသူဟာ ပကတိတည်ငြိမ်မှုကို အပြည့်အဝခံစားမိလိမ့်မယ် လူတယောက် ညနေခင်း ဆေးပေါ့လိပ်တစ်လိပ် ph no တခု၊ ဘာကိုရွေးချယ်မလဲဆိုတာ အချိန်ကြာကြာစဉ်းစားဖွယ်မလိုဘူး အရှိန်မကုန်သေးတဲ့ မီးစာက အတွေးတွေကို ပိုပြီး ထက်သန်စေတယ်။ မခေါ်ဖြစ်တော့တဲ့ ဖုန်းနံပါတ်က ညနေခင်းတွေကို ပိုပြီး ခုံမင်တတ်စေတယ်။
ယုံကြည်ရာက မရှိခြင်းသဘောကို ဆောင်လာတဲ့အခါ မရှိခင်းသဘောကို စေ့စေ့ကြည့်နေမိတယ်။ ပျက်သွားတဲ့ အကြည်ဓာတ်ကလေးတွေ ငွေ့ရည်ဖွဲ့နေတဲ့ နံနက်ခင်းလေးတွေ၊ တချက်လောက် တောက်ချလိုက်တာနဲ့ အလွဲလွဲအစင်စင်၊ ဖမ်းဆုပ် ထားချင်မိတာ မှားမိတာမျိုးပေါ့။ ဒီလိုမျိုး ... နံနက်ခင်းတွေဟာလည်း အဓိပ္ပါယ်မဲ့လာတယ်။
ဗဟိဒ္ဓတရားဟာ ပြုပြင်လို့မကောင်းတဲ့ လက်ဆောင်တစ်ခု အဇ္ဈတ္တတရားကို ငါပိုင်စိုးကြည့်တယ် ဝေး~လွင့်~ပျောက်~ကွယ် အနီးဆုံးသူဆိုတာလဲ အာကာသဓာတ်တွေ သိပ်ကိုများနေပေါ့။
ကောင်းပါတယ်
စိတ်ကိုစိတ်နဲ့ ပြန်နစ်ဝင်ရင်း
ဗဟိဒ္ဓတရားတွေကို ပိုင်းဖြတ် ငါ့ကိုယ်ငါ့ ပြန်ဖော်ယူကြည့်မိတော့ အရောင်တင်များသွားတဲ့ စိတ္တ,စိတ္တဇ၊ ပြိုကျပျက်စီးသွားတဲ့ ဗဟိဒ္ဓ။ လိုနေပြီဆိုတာ ငါသိခဲ့ရပြီ မလိုတတ်တဲ့ စိတ်လေးတခုတော့ ကြိုးစားရအုံးမယ်။
မှောင်မိုက် တိတ်ဆိတ်
သည်းခြေပျက်တဲ့အထိ
ရူးသွပ်မှုပေါင်းများစွာနဲ့
သူရူးတယောက်။
အဇ္ဈတ္တကို ဖြိုခွင်း
စိတ်ကို မီးညှိပြီး
စိတ်ထဲကို ပြေးဝင်သွားပုံက။
လှတယ် ။
အိဏ်ဝေး
Comments