Poetry Wave စာစဉ်အမှတ် ၂ လာပြီ


Poetry Wave စာစဉ်အမှတ် ၂ လာပြီ
(မိုးမခ) မေ ၂၄၊ ၂၀၁၈

ကဗျာဆရာတွေဖြစ်တဲ့ကေဇော်မိုးနဲ့ ရိုးခက်တို့ရဲ့ Poetry Wave Group ကစီစဉ်တဲ့ ၂ လ တကြိမ်ထုတ် Poetry Wave ဆိုတဲ့ ကဗျာရေးရာသီးသန့် စာစောင်အမှတ် ၂ ကို မေလ ၃၁ ရက်နေ့မှ ဓူဝံစာအုပ်တိုက်ကနေ တပြည်လုံးကိုထုတ်ဝေဖြန့်ချိတော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးက ကဗျာဆရာတွေအပြင် ပြည်ပရောက်ကဗျာဆရာတွေရဲ့လက်ရာ ကဗျာပေါင်း ၂၈ ပုဒ်ပါဝင်ပြီး ခေတ်အဆက်အဆက်က စိုက်လိုက်မတ်တပ်ကဗျာရေးလာတဲ့ ဝါရင့်ကဗျာကလောင်ကြီးတွေသာမက ဒီနေ့ခေတ်ပြိုင်ကဗျာရေစီးထဲက ကြယ်ပွင့် ကဗျာဆရာလေးတွေလည်း ပါဝင်ရေးဖွဲ့ ထွန်းညှိထားတယ်လို့သိရတဲ့အတွက် ကဗျာချစ်သူတွေ အမြတ်တနိုးသိမ်းထားရမယ့် စာအုပ်တအုပ်အဖြစ် မိုးမခကသတင်းစကား ပါးလိုက်တာပါ။

ကဗျာတွေအပြင် ကဗျာရေးရာဆောင်းပါး ၃ ပုဒ်နဲ့ ကဗျာ့စကားတပုဒ်ပါ ပါဝင်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

Art Paper 4 C နဲ့မျက်နှာဖုံးနဲ့ အတွင်းအပြင်အဆင်တွေကို ရဲရင့်လင်္ကာက ဖန်တီးအားထုတ် ထားကြောင်း သိရပါတယ်။



Comments