
လူနှင်းချို (မတ္တရာ) ● ခြေလက်များ
(မိုးမခ) ဇွန် ၁၊ ၂၀၁၈
လက်နှစ်ဖက်ကိုဖြုတ်ပြီး
ခြေထောက်နေရာတပ်ထားတဲ့သူတွေက
ခြေထောက်နှစ်ဖက်ကိုလည်း
လက်နေရာတပ်ထားကြတယ်
အပြောင်းအလဲက ဆန်းကြယ်
သွားသွားလာလာပါပဲ
ဟန်ချက်ညီနေတာပါပဲ
တစ်ခါတရံတော့
အမြင်ရိုင်းတာလေးတွေက ဝင်းဝင်းပပ
ခြေထောက်တွေနဲ့ လက်မှတ်ထိုးပြီး
လက်တွေနဲ့ ခြေခလိန်ထိုးနေကြတယ်။ ။
ခြေထောက်တွေက ဘောပင်မကိုင်တတ်ဘူး
ခြေထောက်တွေက မိုက်ကရိုဖုန်းမကိုင်တတ်ဘူး
ခြေထောက်တွေက သွားကြားမထိုးတတ်ဘူး
အဆိုးဆုံးက
ခြေထောက်တွေဟာ လက်မှတ်မထိုးတတ်ဘူး။
(မိုးမခ) ဇွန် ၁၊ ၂၀၁၈
လက်နှစ်ဖက်ကိုဖြုတ်ပြီး
ခြေထောက်နေရာတပ်ထားတဲ့သူတွေက
ခြေထောက်နှစ်ဖက်ကိုလည်း
လက်နေရာတပ်ထားကြတယ်
အပြောင်းအလဲက ဆန်းကြယ်
သွားသွားလာလာပါပဲ
ဟန်ချက်ညီနေတာပါပဲ
တစ်ခါတရံတော့
အမြင်ရိုင်းတာလေးတွေက ဝင်းဝင်းပပ
ခြေထောက်တွေနဲ့ လက်မှတ်ထိုးပြီး
လက်တွေနဲ့ ခြေခလိန်ထိုးနေကြတယ်။ ။
ခြေထောက်တွေက ဘောပင်မကိုင်တတ်ဘူး
ခြေထောက်တွေက မိုက်ကရိုဖုန်းမကိုင်တတ်ဘူး
ခြေထောက်တွေက သွားကြားမထိုးတတ်ဘူး
အဆိုးဆုံးက
ခြေထောက်တွေဟာ လက်မှတ်မထိုးတတ်ဘူး။
Comments