ကျော်ဟုန်း - ခေါင်းမြီးခြုံလူတန်းစားရဲ့ ဧချင်း


ကျော်ဟုန်း - ခေါင်းမြီးခြုံလူတန်းစားရဲ့ ဧချင်း
(မိုးမခ) ဇွန် ၅၊ ၂၀၁၈


အရင်တုန်းက
လူဆိုးကြီးတဲ့။

သူ့ ကိုယ်သူ အင်္ဂုလိမာလလိုလို
ဖလင်မပါဘဲ ရုပ်ရှင်ရိုက်နိုင်တဲ့ခေတ်မှာ
အကယ်ဒမီရှော့ပဲ။

အသားကုန်အော်မှ
ကျီးကန်းနဲ့  ဥသြ ခွဲနိုင်သမို့ 
အတုလက် အစစ်မှိန်တဲ့ခေတ်မှာ
ရင်ကွဲနာကျပစေ
အော်နိုင်မှ မော်နိုင်မယ့်ဘဝ။

အေးပါကွာ...
ပုဆိုးခြုံထဲ ခေါင်းပုရင်း
ရာဇဝင်တေးကို
ကိုယ့်နား ကိုယ်ကြားရုံ
တခါတလေ အပျင်းပြေဆိုပါ့မယ်
အငွေ့ ရှူရင်း ဝမ်းဝရသူအဖြစ်ဟာ
ပါရမီဖြည့်ခြင်းသာ ဖြစ်စေတော့။

မင်းတို့ ခေတ်ပဲ
ရုပ်ရှင် ဆက်ရိုက်ကြ
ဇာတ်လိုက်ကျော်တွေရဲ့ သရုပ်
နောက်ဆုံးထောင့်က ထိုင်ကြည့်နေမယ်။ ။

ကျော်ဟုန်း
၂၀၁၇၀၆၀၂

Photo credit - The painting is ‘The Workers’ by Walker Scott.

Comments