ဝါကျဖြူ - ညနှုတ်​ခမ်းဖျား​ပေါ်က ကွဲအက်​​နေ​သောလူများ


ညနှုတ်​ခမ်းဖျား​ပေါ်က ကွဲအက်​​နေ​သောလူများ
ဝါကျဖြူ
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၈

မှောင်​​နေတဲ့ မိုးသား​တွေထဲမှာ
ငို​နေတဲ့ အ​ဆောက်​အဦး​တွေရှိတယ်​ ။

အိမ်​တိုင်းမီးလင်းဖို ဖိုပြီး ငူငူကြီးထိုင်​​နေတဲ့ မိန်းမ​တွေ
တ​ယောက်​စီ ရှိတယ်​ ။

သန်း​ခေါင်​ယံမှာ လန့်​လန့်နိုးလာတတ်​တဲ့ တယ်​လီဖုန်းမြည်​သံ​တွေထဲမှာ
မီးကျွမ်း​နေတဲ့ ဝိညာဉ်​​တွေ တဖျပ်​ဖျပ်​နဲ့ ဦး​ခေါင်းကို အဝတ်​စွတ်​ပြီး ပျံသန်း​နေကြ ။

အိမ်​မိုးသွပ်​ပြား​တွေ​ပေါ်က ​ခြေနင်းသံ​တွေကို
ကြောင်​​တွေက တီဗွီနဲ့ သီတင်းစာ​ခေါင်းကြီးပိုင်းထဲထည့်​ပြီး
လေထဲကို မြူ​တွေလိုလွှင့်​ချလိုက်​တာ ။

Comments