နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရ ပန်းချီပြပွဲ



နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရ ပန်းချီပြပွဲ
K (မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၉ 


ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် "Happy 73rd Birthday, The Lady " လို့ အမည် ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့တာမွေမြို့နယ်မေတ္တာညွှန့်ရပ်ကွက် လယ်ယာရွှေမြေလမ်းနှင့် သမာဓိလမ်းထောင့်၊ အမှတ် (၈၃၃)ရှိ Sagawar Art Space မှာ ဇွန်လ ၁၇ ရက်နေ့မှ ဇွန်လ ၃၀ရက်နေ့အထိ ပြသသွားမယ်လို့ သိရပါတယ်။

ယခုပြပွဲမှာ စင်္ကာပူရောက် မြန်မာပန်းချီဆရာတဦးဖြစ်တဲ့ Artist Htee Saing ရေဆေးဖြင့်ရေးဆွဲထားသော ဒေါ်အောင် ဆန်းစုကြည်ပုံတူ ပန်းချီကား၂၃ကား၊ ဒစ်ဂျစ်တယ်နည်းပညာဖြင်ြ့ပုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီ ကား၁၀ကားကို ချိတ်ဆွဲပြသ ရောင်းချသွားမှာမယ်လို့သိရပြီး ပြပွဲတွင် ပြသထားသောပန်း ချီ ကားများမှ ရောင်းချ၍ ရရှိသောငွေတချို့ကို စကားဝါမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး Sagawar Art Spaceကို ဖွင့်လှစ်ထားသူ မသက်ဆွေက “အန်တီကို ဂုဏ်ပြုအမှတ်တ ရပွဲလေး လုပ်ပေးချင်တာရယ်၊ အန်တီလုပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ထောက်ခံအားပေးချင်တာကြောင့် အန်တီ မွေးနေ့အတွက် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပါတယ်။ ရရှိလာတဲ့ ငွေကြေးကိုလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းသွား မှာပါ”လို့ ပြောပြပါတယ်။

အဆိုပါ Sagawar Art Spaceမှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့အမှတ်တရ ပန်းချီပြပွဲကို ရက်ပေါင်း ရက်သတ္တပတ် ၂ပတ်ကြာ ပြသသွားမှာဖြစ်ပြီး မနက်၁၀နာရီကနေ ညနေ ၅နာရီထိ ပြသသွားမှာ ဖြစ်ပါတယ်။

Comments