ဂျူနီယာဝင်း - လမ်းတွေပေါ်မှာ တွေ့နေရတဲ့ ဗီဒီယိုမျက်နှာပြင်တွေက ကြော်ငြာသက်သက်ပဲလား

Photo - Yan Naung BotaHtaubg

ဂျူနီယာဝင်း - လမ်းတွေပေါ်မှာ တွေ့နေရတဲ့ ဗီဒီယိုမျက်နှာပြင်တွေက ကြော်ငြာသက်သက်ပဲလား
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၈

ကြီးမားသော ဗီဒီယိုမျက်နှာပြင်များကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် မြင်ဖူးကြပါသည်။ ၄င်းတို့က တေးဂီတများ ကြော်ငြာများကို ထပ်ခါတလဲလဲ ပြသနေကြပါသည်။ ယင်းသည် ရုပ်မြင်သံကြား မျက်နှာပြင်လိုပဲ အလုပ်လုပ်ပါ သည်။ အဲသည်က ကြော်ငြာများသာမက သတင်းထူး သတင်းဦးများကိုလည်း ပြသပေးနေသလို ငလျင်သတင်းများ ၊ မုန် တိုင်းလာတော့မည့် သတင်းများကို အဆက်မပြတ် လွှင့်ထုတ်ပေးနေသောကြောင့် လမ်းသွားလမ်းလာ ပြည်သူ များအတွက် တော်တော်လေး အထောက်အကူ ဖြစ်စေပါသည်။
ထိုမျက်နှာပြင်သည် ပြင်းထန်သော နေ၏အပူရှိန်ကိုလည်း တုန့်ပြန်နိုင်ကာ အလင်းရောင်မပြန်စေဘဲ ကောင်းစွာ ကြည့်ရှုနိုင်ပါသည်။ မြို့၏ အထင်ကရနေရာများ ၊ လူသွားလူလာများသော နေရာများတွင် ဦးစားပေးကာ ထားတက်ပါသည်။
စာရေးဆရာမ ဂျူနီယာဝင်း၏ အမေးနှင့် အဖြေ စွယ်စုံကျမ်း ၂၀၁၇ မှ ကောက်နုတ်ဖ်ေပြသည်။

Comments