ဝါကျဖြူ - ပင်လယ်ပြင်ညစာ

ပင်လယ်ပြင်ညစာ
ဝါကျဖြူ
(မိုးမခ) ဇွန် ၁၃၊၂၀၁၈ 

နေဝင်​ချိန်​ကမ္ဘာကို ထမ်းလာခဲ့သတဲ့လား ။
ပင်​လယ်​နားက အိမ်​ဟာ လှိုင်းလုံး​တွေ ရှည်​ထွက်​လွန်းတယ်​ ။

လှိုင်း​တွေကို ဖြုတ်​ထုတ်​လိုက်​တဲ့ လက်​ထဲမှာ
ငါး​သေ​တွေနဲ့ လူ​သေ​တွေက
ပျံဝဲတက်​လာကြတဲ့ ယင်​​ကောင်​​တွေလိုမျိုး
ငါခန္ဓာတခုလုံးကို
ပိုင်းဖြတ်​​ဝေခြမ်းပြီး ကိုက်​ချီသွားကြ​ပေါ့ ။
29/4/18

Comments