စမ်းစမ်းတင် - သေရဲသူတွေ



စမ်းစမ်းတင် - သေရဲသူတွေ
(မိုးမခ) ဇွန် ၉ ၊ ၂၀၁၈



စစ်ဆန့်ကျင်တဲ့ ဟဲမင်းဝေးဟာ သူ့ကိုယ်သူသေနတ်နဲ့
ပစ်သတ်လိုက်တယ်။
စစ်ကို အပြီးမသတ်နိုင်လို့ သူ့ကိုယ်သူ သတ်လိုက်တာလား။

နားရွက်တဘက်ဖြတ်ပစ်တဲ့ ဗင်းဆင့်ဗန်ဂိုးဟာ
နေကိုတည့်တည့်ကြည့်ပန်းချီဆွဲတတ်ပေမဲ့ ကျီးမည်းတအုပ်ပျံသန်းတဲ့
ပန်းချီတချပ် လက်စသတ်ပြီး သတ်သေသွားပြန်ရော

လူတကာကို ဟာဒယရွှင်ဆေးတိုက်ကျွေးတဲ့ ရော်ဘင်ဝီလီယံစ်က
သူ့ကိုယ်သူ ပျော်အောင်မနေတတ်ဘဲ သတ်သေ

အလှအပတွေဖန်တီး အမျိုးသမီးကမ္ဘာကို အလှလည်းဆင် သူကိုယ်တိုင်လည်း အလှကြီးလှတဲ့ ကိတ်စပိတ်ကတော့ အလှအပတွေကျောခိုင်း လောကအရိုင်းကို သေရဲခြင်းတရားနဲ့ကျောခိုင်းသွား

ကမ္ဘာတလွှား နေရာတကာသွား၊ တွေ့သမျှစား၊ လူတိုင်းနဲ့လည်းဆုံ၊
ရောက်ရာနေရာ အကြောင်း သူ့အစီစဉ်တွေထဲ တစေ့တစောင်း
ဇာတ်ကြောင်းပြန်ပြတဲ့ ပညာကျွမ်းတဲ့ အန်တော်နီဘော်ဒင်းက အောင်မြင်မှု၊ ကျော်ကြားမှု၊ ကြွယ်ဝမှုတွေကို ခဝါချ သူ့အသက်ကိုသူသတ်သတဲ့။

မသေချင်ဘဲသေရသူတွေကြား
မသေလည်းရသားနဲ့ သေချင်လို့ ဒီလို သေရဲသွားတဲ့ စိတ္တဇ
အင်း ...  ယူတတ်ရင် သံဝေဂ

Comments