ဂျူနီယာဝင်း - ဘိုထိုင်အိမ်သာကို တီထွင်သူ ဘယ်သူလဲ



ဂျူနီယာဝင်း -  ဘိုထိုင်အိမ်သာကို တီထွင်သူ ဘယ်သူလဲ
 (မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

ဘိုထိုင်အိမ်သာဟုခေါ်သော ကုလားထိုင်မှာထိုင်သော ပုံစံရှိသော အိမ်သာကို စတင်တီထွင်အသုံးပြုသူမှာ Sir John Harington (ဆာ ဂျွန်ဟာရင်တန် ) ဖြစ်သည်။ သူက ၁၅၈၉ ခုနှစ်တွင် သူ့အိမ်မှာ တခု၊ နောက်တခုက အင်္ဂလန်၏မိခင်ကြီး Queen Elizabeth 1 ( ပထမမြောက် အယ်လီဇဘက်ဘုရင်မ ) အတွက် တပ်ဆင်ပေးခဲ့တာ ဖြစ်ပါသည်။ သို့ရာတွင် အသုံးပြုသူ နည်းပါးပြီး တကယ်တန်း လူတွေကြားထဲ ရောက်လာခဲ့တာ နောက်နှစ်ပေါင်း ၂၀၀ လောက်ကြာမှ ဖြစ်ပါသည်။

ဆရာမဂျူနီယာဝင်း၏ အမေးနှင့် အဖြေ စွယ်စုံကျမ်း ၂၀၁၇ မှ ကောက်နုတ်ဖော်ပြပါသည်။

Comments