ကမ်လူဝေး ● ဆေးရုံ (၂၂)
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈
ထွက်ကျလာတဲ့ ကလေးက
ကီလိုတဝက်ပဲရှိတယ်
အသက်ကတော့ရှူလို့
ကိုယ်ဝန်အနုအရင့်ကို တွက်ချက်
သားလျောလား လမစေ့မွေးလား
စာရွက်ပေါ်က စာရင်းဇယားတွေ
ကီလိုတဝက်ကလေးက
အချိန်တန်တော့ သေမှာပဲ
သေဖို့အချိန်ပေး
အမှိုက်ပုံဘေးမှာ ချထားရမလား
အသက်ရှူနေသေးသရွေ့
လူသားတယောက်ရသင့်တဲ့ စောင့်ရှောက်မှု
ဆေးရုံကြီးပေါ်မှာရဖို့
ဘယ်သူတွေဆီက တောင်းဆိုရပါ့မလဲ
ကီလိုတဝက် ကလေးဟာ
ဘယ်လောက်သေးသေး
လူသားတယောက်ဖြစ်ပါသေးတယ်
အသက်ရှူနေသေးသရွေ့
အသက်ရှိတဲ့လူသားတယောက် ဖြစ်ပါသေးတယ်
ကိုယ်ချင်းစာတရားနဲ့ရန်ဖြစ်ထားတဲ့လူကြီးတွေဟာ
လူသားဖြစ်ခြင်းကိစ္စကို မေ့နေကြတယ်
ဝမ်းနည်းစိတ်မကောင်းစရာကမ္ဘာ။ ။
ကမ်လူဝေး
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈
ထွက်ကျလာတဲ့ ကလေးက
ကီလိုတဝက်ပဲရှိတယ်
အသက်ကတော့ရှူလို့
ကိုယ်ဝန်အနုအရင့်ကို တွက်ချက်
သားလျောလား လမစေ့မွေးလား
စာရွက်ပေါ်က စာရင်းဇယားတွေ
ကီလိုတဝက်ကလေးက
အချိန်တန်တော့ သေမှာပဲ
သေဖို့အချိန်ပေး
အမှိုက်ပုံဘေးမှာ ချထားရမလား
အသက်ရှူနေသေးသရွေ့
လူသားတယောက်ရသင့်တဲ့ စောင့်ရှောက်မှု
ဆေးရုံကြီးပေါ်မှာရဖို့
ဘယ်သူတွေဆီက တောင်းဆိုရပါ့မလဲ
ကီလိုတဝက် ကလေးဟာ
ဘယ်လောက်သေးသေး
လူသားတယောက်ဖြစ်ပါသေးတယ်
အသက်ရှူနေသေးသရွေ့
အသက်ရှိတဲ့လူသားတယောက် ဖြစ်ပါသေးတယ်
ကိုယ်ချင်းစာတရားနဲ့ရန်ဖြစ်ထားတဲ့လူကြီးတွေဟာ
လူသားဖြစ်ခြင်းကိစ္စကို မေ့နေကြတယ်
ဝမ်းနည်းစိတ်မကောင်းစရာကမ္ဘာ။ ။
ကမ်လူဝေး
Comments