ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပမယ့် ၂၀၁၈ ခုနှစ် စာအုပ်ရောင်းပွဲတော် ဇွန်လ ၂ ရက်နေ့ ပြုလုပ်မယ်



ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပမယ့် ၂၀၁၈ ခုနှစ် စာအုပ်ရောင်းပွဲတော် ဇွန်လ ၂ ရက်နေ့ ပြုလုပ်မယ်
K (မိုးမခ) ဇွန် ၂၊ ၂၀၁၈


ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပမယ့် ၂၀၁၈ ခုနှစ် စာအုပ်ရောင်းပွဲတော်ကို ရန်ကုန်မြို့ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ အမှတ် (၃၄၀)မှာရှိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဇွန်လ(၂)ရက်(စနေနေ့) မွန်းလွဲ(၂)နာရီမှ ညနေ(၆)နာရီအထိပြု လုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါစာအုပ်ရောင်းပွဲတော်မှာ ဝတ္ထုများ၊ လူငယ်ကြိုက်စာအုပ်များ၊ ဘာသာပြန်စာအုပ်များ အပါအဝင် စာအုပ်ပေါင်း (၁၅၀၀) ခန့်ကို (၃)အုပ်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမယ်လို့ သိရပြီး တက်ရောက်လာသူများကို ပြင် သစ်မဂ္ဂဇင်း(၁)အုပ်စီ လက်ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။

စာအုပ်ရောင်းပွဲတော်နဲ့ပတ်သက်ပြီး Institut Français de Birmanie လူမှုကွန်ရက်ပေ့မှာ “စာအုပ်စာပေ ချစ်မြတ်နိုးကြ သူများအတွက် လာမယ့် စာအုပ်အရောင်းပွဲတော်မှာ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်အမျိုးအစား စုံစုံလင်လင် ကို ရောင်းချပေးသွားမှာပါ။ သုတ၊ ရသ၊ အတ္ထုပ္ပတ္တိ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ပညာရေးဆိုင်ရာနဲ့ အခြားကဏ္ဍအစုံ စာအုပ်အမျိုးမျိုးကို ရောင်းချပေးသွားမှာပါ။ အခြားဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်တွေလည်း အနည်းငယ်တော့ ပါ ပါလိမ့်မယ်။ စောစောလာတဲ့ စာချစ်သူတွေတော့ စိတ်ကြိုက်ရွေးခွင့် ရှိတာပေါ့နော်” လို့ဖိတ်ခေါ်ထားပါတယ်။

ပြင်သစ်ဘာသာလေ့လာလိုသူများ မူရင်းပြင်သစ်ဘာသာအတိုင်း ဖတ်ချင်သူများအတွက် အထူးအခွင့်အရေးတခုဖြစ်ပြီး အဆိုပါပွဲကိုတက်ရောက်မည့်သူများကတော့ မှတ်ပုံတင် သို့မဟုတ် IFB ကျောင်းသားကတ်၊ စာကြည့်တိုက်ကတ် သို့မ ဟုတ် ယာဉ်မောင်းလိုင်စင်မူရင်းတို့ကို ယူဆောင်ခဲ့ရမယ်လို့ သိရပါတယ်။

Comments