ထက်လူအောင် ● ပြောင်းဖူးစေ့ကြော်ကို ကျနော်မစားခဲ့ရဘူး


ထက်လူအောင် ● ပြောင်းဖူးစေ့ကြော်ကို ကျနော်မစားခဲ့ရဘူး
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၈

မကယ်တင်လိုက်နိုင်ခဲ့ဘူး
ပြုတ်ကျသွားတဲ့ပြောင်းဖူးစေ့လေးတွေကို

ပြောင်ဖူးစေ့တွေကို မေမေခြွေနေတုန်း
ကျနော့်က မေမေ့ဘေးနားမှာ
ပြောင်းဖူးစေ့တွေကို ငေးကြည့်တုန်း

စစ်ပွဲကပဲ ရောက်လာတာလား
ရွာလေးကပဲ လမ်းမှားသွားတာလား

မကယ်တင်လိုက်နိုင်ခဲ့ဘူး
ပြောင်းဖူးစေ့လေးတွေဟာ ကစဥ့်ကလျားနဲ့
ကျနော်နဲ့ မေမေ့ရဲ့သွေးကွက်တွေနား

ပြောင်ဖူးစေ့ကြော်ကို ကျည်ဆန်တွေစားသွားတယ်။

ထက်လူအောင်

Comments