အမ္ဗနဒီကျော်စွာ - ဉာဏ်ပူဇော်ခအကြောင်း တစေ့တစောင်း


အမ္ဗနဒီကျော်စွာ  - ဉာဏ်ပူဇော်ခအကြောင်း တစေ့တစောင်း
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၈

ဆရာ မြတ်ဆွေ ရေးသားဆွေးနွေးထားသော ၂၀ရာစုအတွင်းက ဉာဏ်ပူဇော်ခများအကြောင်းနှင့် ယခုခေတ် ၂၁ရာစု လက်ရှိအခြေအနေ ဉာဏ်ပူဇော်ခ ပြဿနာများ အခက်အခဲများအကြောင်း ဆောင်းပါးတစ်ပုဒ်ကို အမှတ် (၁၄၀) ၂၀-၇-၂၀၁၈ နေ့ထုတ် သံတော်ဆင့်ဂျာနယ် သဘောထားအမြင်တွင် ဖတ်ရှုရပါသည်။ ဆရာ သိန်းဖေမြင့်ခေတ် အခြေအနေ ဆရာ ဇဝနခေတ်အခြေအနေ ဆရာ ဒဂုန်တာရာ ခေတ်အခြေအနေ ထိုစဉ် ခေတ် အခါများက မဂ္ဂဇင်း ဂျာနယ် နေ့စဉ်သတင်းစာများက ပေးသော ဉာဏ်ပူဇော်ခ အကြောင်းများ ရှုမဝမဂ္ဂဇင်း သွေးသောက်မဂ္ဂဇင်း မြဝတ မဂ္ဂဇင်း ငွေတာရီမဂ္ဂဇင်း ရှုထောင့်ဂျာနယ် အိုးဝေဂျာနယ် နာမည်ရ ဆရာ/မကြီးများကို ဝတ္ထုဆောင်းပါး တစ်ပုဒ်လျှင် ၃၀၀ ကျပ် ၂၅၀ ကျပ် အလယ်အလတ် ဆရာ/မများကို ၁၅၀ ကျပ် ကလောင်သစ်များကို ၁၀၀ ကျပ် ၇၅ ကျပ် ပေးခဲ့သည့် အကြောင်းများ သတင်းစာများတွင်တော့ နာမည်ရ ဆရာ/မကြီးများကို ၃၀ ကျပ် အလယ်အလတ် ဆရာ/မများကို ၂၀ ကျပ် ကလောင်သစ်များကို ၁၅ ကျပ် ပေးခဲ့ပြီး ကာတွန်း ဉာဏ်ပူဇော်ခများမှာ ၁၅ ကျပ် ကျပ်၁၀ ရှိခဲ့သည် ဟု ဖတ်ရှု လေ့လာရပါသည်။

ထိုစဉ်အခါက ဉာဏ်ပူဇော်ခ ၂၀ ကျပ် လက်ခံရသည်ဆိုလျှင် ဘီယာသောက် ဒံပေါက်၂ပွဲပါဆယ်ထုပ်ကာ မိသား စုအတွက် ငွေ ၁၀ကျပ်ပင် အပ်နိုင်သေးဟု ဆိုသည်။ထိုစဉ်က စာအုပ်စာပေ သတင်းစာ ဂျာနယ်များ ရောင်းလိုအား ဝယ်လိုအားနှင့် အရေအတွက်များနှင့် ယခုခေတ် အုပ်ရေ စောင်ရေ အရေအတွက်မှာ မိုးနှင့်မြေ ဆီနှင့် ရေ နံသာဆီနှင့် အီး တို့ကဲ့သို့ အကွာကြီးကွာချင်တိုင်းကွာ အလှမ်းကြီး ဝေးချင်တိုင်းဝေး ဖြစ်ကာ စာပေလောက ကျဆင်းလာခြင်း ရုပ်ဝတ္ထုများ ကုန်ဈေးနှုန်းများ စရိတ်စကများ သယ်ယူစရိတ်များ စက္ကူဈေးများ စသည်ဖြင့် အစစ အရာရာတို့သည် အသူရာသိကြားမင်းဖန်ဆင်းသကဲ့သို့ ဘွားကနဲပင် နေ့ချင်းညချင်း လေတိုက်တိုင်းကြီးပြင်းလာပါ သော်လည်း တန်ဖိုး အရှိဆုံးသော လူသားအရင်းအမြစ် ပညာအရင်းအမြစ် ဉာဏလုပ်အားအရင်းအမြစ်တို့၏ တန်ဖိုး တန်ရာ တန်ကျေးမှာ ထပ်တူထပ်မျှ ရွယ်တူ ဆိုဒ်တူ ဂိုက်တူ ကြီးပြင်းမလာပါဘဲ ကြုံလှီသေးကွေးကာ ထောင်ဂဏန်း သောင်းဂဏန်းမှာသာ အရွယ်မရောက်ဘဲ နူနာစွဲ မွဲပြာကျကာ ကျန်နေခဲ့ရရှာလေသည်။ ၁၉၉၀ပြည့်လွန်နှစ်များက ဆရာမင်းလူက ဉာဏ်ပူ ဇော်ခ ၅၀၀ ကျပ်တောင်းဆိုခဲ့သည်ကို ဆရာမင်းလူ၏ စာမူခ ဝတ္ထုတိုတွင် ဖတ်ရှုခဲ့ရပြီး ဆရာမဂျူးက ဉာဏ်ပူဇော်ခ ၁၀,၀၀၀ ကျပ် တောင်းဆိုခဲ့သည်ဟု ရှေ့မီ နောက်မီ ဆရာ ဆရာမကြီးများထံက တဆင့်စကားဖြင့် မှတ်သားခဲ့ရ ဖူးပါသည်။


ထို့ကြောင့် လက်ရှိခေတ်တွင် ဖြစ်ပေါ်နေသော ဉာဏ်ပူဇော်ခများကို ကျနော်သိသလောက် ဖော်ပြပေးဖို့ရန် အကြောင်းဖန်လာသည်ဖြစ်ပါသဖြင့် နေ့စဉ်သတင်းစာ ဂျာနယ် မဂ္ဂဇင်းများက ပေးသော ဉာဏ်ပူဇော်ခ နှုန်းထားများ ငွေကြေးတန်ဖိုးများကို သိသလော ဖော်ပြပေးပါမည်။ ထိုကဲ့သို့ဖော်ပြပေးနိုင်ခြင်းမှာလည်း မြန်မာတစ်နိုင်ငံလုံးမှ စာရေးသူ ဆရာ/မ ၅၀၀ ခန့်နီးပါးတို့၏ စာမူများကို ဖေ့စ်ဘုတ်ပေါ်မှ လက်ခံကာ စာစီစာရိုက် စာလုံးပေါင်းသတ်ပုံစစ် ပရင့်ထုတ် မိတ္တူကူး နေ့စဉ်သတင်းစာ ဂျာနယ် မဂ္ဂဇင်းများသို့ ပို့ဆောင်ပေးခြင်း၊ ဖော်ပြခံရသော စာမူများကို နေ့စဉ် သတင်းစာ ဂျာနယ် မဂ္ဂဇင်းများကို နံနက်တိုင်း ဖတ်ရှုပေးပြီး စာမူပါသူများကို အကြောင်းကြားပေးကာ ဉာဏ်ပူဇော်ခ များကိုလည်း လွှဲစာများဖြင့် ထုတ်ယူပေးပြီး ဘဏ်များ ဝေ့မန်းနီးများ ဖုန်းဘေလ်များကတဆင့် ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်းများကို နေ့စဉ်ပြုလုပ်ပေးကာ ကိုယ်တိုင်ကလည်း နေ့စဉ်သတင်းစာ ဂျာနယ် မဂ္ဂဇင်းများတွင် ကဗျာ အက်ဆေး ဆောင်းပါး ဝတ္ထုတို ဝေဖန်ရေး ကဗျာခံစားမှု သတင်း စသည်တို့ကို ရေးသားနေသောကြောင့်ပင်။ တတ်နိုင်သည့်ဘက်မှ အုတ်တစ်ချပ် သဲတစ်ပွင့်စာမျှ ကူညီထောက်မပေးခြင်းအမှုကို ပြုနိုင်သူဖြစ်ရလေအောင် သိထားသမျှကို ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါသည်။သို့သော် ကျနော်သည် ကဗျာနှင့် အဓိကနီးစပ်သူ ဖြစ်သဖြင့် ကဗျာဉာဏ်ပူဇော်ခအကြောင်းကို အခြားစာပေအမျိုးအစားများထက် ပိုမို အားစိုက်ကာ ဖော်ပြပေးနိုင်ခြင်းကို နားလည် ခွင့်လွှတ်ပေးနိုင်ကြပါစေရန် တောင်းပန်အပ်ပါသည်။

နေ့စဉ် သတင်းစာများ ကဗျာ ဆောင်းပါး ၀တ္ထုတို အထွေထွေ
ကြေးမုံ ၅၀၀၀ ကျပ်၅၀၀၀ ကျပ် ၁၀,၀၀၀ ကျပ်
7 Days


၁၂,၀၀၀ ကျပ်
ဒီမိုကရေစီတူးဒေး ၁၀,၀၀၀ ကျပ် ၁၀,၀၀၀ ကျပ်

မြ၀တီ ၅၀၀၀ ကျပ် ၁၀,၀၀၀ ကျပ်

ရတနာပုံ ၃၀၀၀ ကျပ်


စံတော်ချိန် ၇ ထောင်မှ ၁သောင်းကျပ် ၁၀,၀၀၀ ကျပ်

မြန်မာတိုင်းမ်
၁၅,၀၀၀ ကျပ်
၅ ထောင် မှ ၁သောင်းခွဲ
ဒေးလီးအီလဲဗင်း
၃၀,၀၀၀ ကျပ်

မန်းနေ့စဉ်နဲ့ ရတနာပုံ ၄၀၀၀ ကျပ် ၇၀၀၀ ကျပ်


ကြေးမုံသတင်းစာ၏ ကဗျာစာမူခမှာ ၅၀၀၀ကျပ်ဖြစ်ပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကဗျာလေးပုဒ် ငါးပုဒ်ခန့် ရွေးချယ် ဖော်ပြပေးလေ့ရှိကာ ဆောင်းပါး အက်ဆေးမှာလည်း ၅၀၀၀ကျပ်သို့ လျော့နည်းသွားကာ ဝတ္ထုတိုမှာ ၁၀၀၀၀ကျပ် ဖြစ်ပါသည်။
7 Day Daily သတင်းစာ၏ စာမူခမှာ ၁၂၀၀၀ကျပ်ဖြစ်ပြီး အပတ်စဉ် စနေနေ့ များတွင် ကဗျာတစ်ပုဒ် သို့မဟုတ် နှစ်ပုဒ်ကို ရွေးချယ်ဖော်ပြပေးလေ့ရှိသည်။

ဒီမိုကရေစီတူဒေး သတင်းစာ၏ ကဗျာ စာမူခမှာ ၁၀၀၀၀ကျပ်ဖြစ်ပြီး တစ်ပတ်ကို ရံဖန်ရံခါ နှစ်ရက်ခြား သုံးရက်ခြား ရွေးချယ်ဖော်ပြပေးလေ့ရှိကာ ဆောင်းပါးမှာလည်း ၁၀၀၀၀ကျပ်ပင်ဖြစ်သည်။

 မြဝတီ၏ ကဗျာစာမူခမှာ ၅၀၀၀ ကျပ် ဆောင်းပါးမှာ ၁၀၀၀၀ ကျပ်ဖြစ်ပြီး နေ့စဉ်လိုလို ရွေးချယ်ဖော်ပြပေးလေ့ရှိသည်။

ရတနာပုံ၏ စာမူခမှာ ၃၀၀၀ ကျပ်ဖြစ်ပြီး နေ့စဉ်လိုလို ရွေးချယ်ဖော်ပြပေးလေ့ရှိသည်။

စံတော်ချိန် သတင်းစာ၏ စာမူခမှာ ၇၀၀၀/၁၀၀၀၀ကျပ် ဖြစ်ပြီး အဖွင့်ကဗျာများကို နေ့စဉ်ရွေးချယ်ဖော်ပြပေးလေ့ရှိပြီး တနင်္လာနေ့တွင် သုံးပုဒ်ခန့် ဗုဒ္ဓဟူးနေ့တွင် ကိုးပုဒ်မှ ဆယ့်သုံးပုဒ်ခန့် သောကြာနေ့တွင် သုံးပုဒ်ရွေးချယ် ဖော်ပြပေးလေ့ ရှိကာ ဆောင်းပါးမှာ ၁၀၀၀၀ကျပ် ဖြစ်သည်။

မြန်မာတိုင်းမ် သတင်းစာ၏ စာမူခမှာ ၅၀၀၀/၁၀၀၀၀/၁၅၀၀၀ကျပ်ဖြစ်ပြီး နေ့စဉ် တစ်ပုဒ်ဖော်ပြပေးလေ့ရှိပြီး စာမူများကောင်းလျှင် ကောင်းသလို စာမူအရေတွက်ကို ချိန်ဆ တွက်ချက်ကာ အချို့ နေ့များတွင် နှစ်ပုဒ်ခန့် အချို့နေ့များတွင် သုံးပုဒ်ခန့် ဖော်ပြပေးလေ့ရှိကာ ဆောင်းပါး အက်ဆေးမှာ ၁၅၀၀၀ကျပ် ဖြစ်သည်။

 ဒေးလီးအလဲဗင်း၏ အက်ဆေးစာမူခမှာ ၃၀,၀၀၀ ကျပ်ဖြစ်ပြီး နေ့စဉ် ၃ပုဒ် ၄ပုဒ်ခန့် ရွေးချယ် ဖော်ပြပေးလေ့ ရှိသည်။

မန်းနေ့စဉ် နှင့် ရတနာပုံသတင်းစာ၏ ကဗျာစာမူခမှာ ၄၀၀၀ ကျပ်ဖြစ်ပြီး ဆောင်းပါး အက်ဆေးမှာ ၇၀၀၀ ကျပ် ဖြစ်သည်။

အပတ်စဉ် ဂျာနယ်များ ကဗျာ ဆောင်းပါး ၀တ္ထုတို အထွေထွေ
ဒီလှိုင်း ၅၀၀၀ ကျပ်၁၀,၀၀၀ ကျပ် ၁၀,၀၀၀ ကျပ်
သူရိယနေ၀န်း ၅၀၀၀ ကျပ် ၁၅,၀၀၀ ကျပ်

ပေါ်ပြူလာဂျာနယ် ၅၀၀၀ ကျပ် ၁၀,၀၀၀ ကျပ်

Hot News ၇၀၀၀ ကျပ် ၁၅,၀၀၀ ကျပ်

နေရာတကာ ၂၅၀၀ ကျပ် ၄ ထောင် - ၅ ထောင်

သံမဏိနှင်းဆီ ၅၀၀၀ ကျပ် ၁၀,၀၀၀ ကျပ်

New Watch
၁၅,၀၀၀ ကျပ်
၁၅,၀၀၀ ကျပ်
Weekly Headline၊ မြန်မာပို့စ် ၊ ရန်ကုန်တိုင်းမ်


၁၀,၀၀၀ ကျပ်
First News၊ First Weekly၊ ကားဂျာနယ်


၁၀,၀၀၀ ကျပ်

ဒီလှိုင်းစာစောင်၏ ကဗျာစာမူခမှာ ၅၀၀၀ကျပ် အက်ဆေး ဆောင်းပါးတို့မှာ ၁၀၀၀၀ကျပ်ဖြစ်ပြီး အပတ်စဉ် ကဗျာ ၄ပုဒ် ၅ပုဒ်ခန့် အက်ဆေး ဆောင်းပါး များစွာ ရွေးချယ်ဖော်ပြပေးလေ့ရှိသည်။
သူရိယနေဝန်း ဂျာနယ်၏ ကဗျာစာမူခမှာ ၅၀၀၀ကျပ် ဆောင်းပါးမှာ ၁၅၀၀၀ကျပ်ဖြစ်ပြီး အပတ်စဉ် ကဗျာ ၃ပုဒ်ခန့် ရွေးချယ်ဖော်ပြပေးကာ ဆောင်းပါးများစွာနှင့် ကဗျာခံစားမှု တစ်ပုဒ် ဖော်ပြပေးလေ့ရှိသည်။
ပေါ်ပြူလာ ဂျာနယ်၏ ကဗျာစာမူခမှာ ၅၀၀၀ ကျပ်ဖြစ်ပြီး အပတ်စဉ် ၂ပုဒ် ရွေးချယ်ကာ ဖော်ပြပေးလေ့ရှိကာ အက်ဆေး ဆောင်းပါးမှာ ၁၅၀၀၀ ကျပ်ဖြစ်သည်။
 Hot News ဂျာနယ်၏ ကဗျာ စာမူခမှာ ၇၀၀၀ကျပ် ဖြစ်ပြီး အပတ်စဉ် ၂ပုဒ် ရွေးချယ်ဖော်ပြပေးလေ့ ရှိသည်။ နေရာတကာ ဂျာနယ်၏ ကဗျာစာမူခမှာ ၂၅၀၀ကျပ်ဖြစ်ပြီး အက်ဆေး ဆောင်းပါး ဝတ္ထုတိုမှာ ၄၀၀၀/၅၀၀၀ကျပ်ဖြစ်ပြီး လဝက်ခန့်လျှင် ကဗျာ၎ပုဒ် အက်ဆေး ဆောင်းပါး ဝတ္ထုတိုများရွေးချယ်ဖော်ပြ ပေးလေ့ရှိသည်။
သံမဏိနှင်းဆီ ဂျာနယ်၏ ကဗျာစာမူခမှာ ၅၀၀၀ ကျပ်ဖြစ်ပြီး အပတ်စဉ် တစ်ပုဒ် ရွေးချယ်ဖော်ပြပေးလေ့ ရှိသည်။
New Watch ဂျာနယ်၏ စာမူခမှာ ၁၅၀၀၀ ကျပ် ဖြစ်ပြီး အပတ်စဉ် ဆောင်းပါးများစွာ ရွေးချယ်ဖော်ပြပေးလေ့ရှိသည်။
Weekly Headline ဂျာနယ်၊ မြန်မာပို့စ် ၊ ရန်ကုန်တိုင်းမ်၊ First News ဂျာနယ်၊ First Weekly ဂျာနယ်၊ ကားဂျာနယ် တို့မှာ ဆောင်းပါးကို ၁၀၀၀၀ ကျပ်ပေးလေ့ရှိသည်။

လစဉ် မဂ္ဂဇင်းများ ကဗျာ ဆောင်းပါး ၀တ္ထုတို အထွေထွေ
မိုးမခလစဉ်


၅၀၀၀ ကျပ်
လွတ်လပ်လှိုင်းအွန်လိုင်း


၅၀၀၀ ကျပ်
ရုပ်ရှင်တေးကဗျာ


၅၀၀၀ ကျပ်
Faces/ မုခမဂ္ဂဇင်း


၅၀၀၀ ကျပ်
မဟေသီ မဂ္ဂဇင်း ၂၅၀၀ ကျပ် ၄ ထောင် - ၅ ထောင်

 ကျေးရွှေတမာ ၇၀၀၀ ကျပ် ၁၀,၀၀၀ ကျပ်

 ခေတ်ရနံ့ မဂ္ဂဇင်း ၈၀၀၀ ကျပ်


လင်းလွန်းခင် ၅၀၀၀ ကျပ်


နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း ၁၀၀၀ ကျပ်


Eternal Light ၅၀၀၀ ကျပ်


Fashion မဂ္ဂဇင်း ၇၀၀၀ ကျပ်


Idea မဂ္ဂဇင်း ၇၀၀၀ ကျပ် ၁၅,၀၀၀ ကျပ်

အပျိုစင်


၃၀၀၀ ကျပ်
ဓမ္မရိပ် မဂ္ဂဇင်း ၄၀၀၀ ကျပ် ၅၀၀၀ ကျပ်

ပညာ့ခေတ်မဂ္ဂဇင်း ၃၀၀၀ ကျပ်


Colour Rainbow


၂၀,၀၀၀ ကျပ်
 မြတ်ပညာမဂ္ဂဇင်း ၅၀၀၀ ကျပ်


Happy Time မဂ္ဂဇင်း ၃၀၀၀ ကျပ်


မေ့ရင်သွေးမဂ္ဂဇင်း ၇၀၀၀ ကျပ်



လွတ်လပ်လှိုင်း မဂ္ဂဇင်း နှင့် မိုးမခမဂ္ဂဇင်း မှာ အွန်လိုင်းအဓိကဖြစ်ကာ ကဗျာ အက်ဆေး ဆောင်းပါးစာမူခ ၅၀၀၀ကျပ်ဖြစ်ပြီး ကဗျာ အက်ဆေး ဆောင်းပါးများကို အများဆုံးဖော်ပြပေးနေသော အွန်လိုင်း မဂ္ဂဇင်းများ ဖြစ်သည်။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း လစဉ်ထုတ် ဖြစ်ကာ စာမူခ ၅၀၀၀ ကျပ်ချီးမြှင့်ပေးပြီး အဖွင့်ကဗျာ ၆ပုဒ်ခန့် ပွင့်ဦးကဗျာ လွင်ပြင် ၆ပုဒ်ခန့်ဖော်ပြပေးလေ့ရှိသည်။

 မြဝတီ မဂ္ဂဇင်း လစဉ်ထုတ်ဖြစ်ကာ စာမူခ လေ့လာဆဲ မျက်နှာစာကဗျာ ၈ပုဒ်ခန့် ကလေးကဗျာ ၁ပုဒ် ကဗျာဖိုင်တွဲ ၈ပုဒ်ခန့် ရွေးချယ် ဖော်ပြပေးလေ့ရှိသည်။

Faces/မုခမဂ္ဂဇင်းသည် လစဉ် ထုတ်ဖြစ်ကာ စာမူခ ၅၀၀၀ ကျပ်ဖြစ်ပြီး မုခအတွေးကဗျာ ၈ပုဒ် မြန်မာရနံကဗျာ ၄ပုဒ် ကလေးကဗျာ ၂ပုဒ် စုစုပေါင်း ၁၄ခန့်ဖော်ပြပေးလေ့ရှိသည်။

မဟေသီ မဂ္ဂဇင်းသည် လစဉ်ထုတ် ဖြစ်ပြီး ကဗျာစာမူခ ၂၅၀၀ကျပ်ဖြစ်ကာ ကဗျာ ၈ပုဒ်ခန့်ဖော်ပြပေးလေ့ရှိကာ အက်ဆေး ဆောင်းပါး ဝတ္ထုတိုမှာ ၄၀၀၀/၅၀၀၀ကျပ်ဖြစ်သည်။
 ကျေးရွှေတမာ မဂ္ဂဇင်း သည် လစဉ်ထုတ်ဖြစ်ကာ ကဗျာစာမူခ ၇၀၀၀ ကျပ်ဖြစ်ပြီး ကဗျာ ၁၂ပုဒ်ခန့် ဖော်ပြပေးလေ့ရှိကာ အက်ဆေး ဆောင်းပါး ဝတ္ထုတိုမှာ ၁၀၀၀၀ ကျပ်ဖြစ်သည်။
 ခေတ်ရနံ့ မဂ္ဂဇင်းသည် လစဉ်ထုတ်ဖြစ်ကာ ကဗျာစာမူခ ၈၀၀၀ ကျပ် ဖြစ်ပြီး ကဗျာ ၁၂ပုဒ်ခန့် ဖော်ပြပေးလေ့ရှိသည်။
လင်းလွန်းခင် မဂ္ဂဇင်းသည် ၃လတစ်ကြိမ်ထုတ် ဖြစ်ပြီး စာမူခ ၅၀၀၀ကျပ်ဖြစ်ကာ အတွေးကဗျာ ၉ပုဒ် မြန်မာရနံ့ကဗျာ ၄ပုဒ် နွေရနံ့ မိုးရနံ့ ဆောင်းရနံ့ကဗျာ ၅ပုဒ် စုစုပေါင်း ၁၈ပုဒ် ခန့် ဖော်ပြပေးလေ့ ရှိသည်။
နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်းမှာ ၂လတစ်ကြိမ်ထုတ်ဖြစ်ပြီး ကဗျာစာမူခ ၁၀၀၀ ကျပ်ဖြစ်ကာ အဖွင့်ကဗျာ ၁၀ပုဒ် ကလေး ကဗျာ ၅ပုဒ် ကဗျာပန်းရုံရိပ် ၆ပုဒ် ကဗျာရှည် ၁ပုဒ် ရွေးချယ်ဖော်ပြပေးလေ့ရှိသည်။
Eternal Light မဂ္ဂဇင်းမှာ လစဉ်ထုတ်ဖြစ်ပြီး စာမူခ ၅၀၀၀ ကျပ်ဖြစ်ကာ ကဗျာ ၁၁ ပုဒ်ခန့်ဖော်ပြပေးလေ့ရှိသည်။
Fashion မဂ္ဂဇင်းမှာ လစဉ်ထုတ်ဖြစ်ပြီး ကဗျာစာမူခမှာ ၇၀၀၀ ကျပ်ဖြစ်ကာ ကဗျာ ၄ပုဒ် ကဗျာရှည် ၁ပုဒ် ရွေးချယ် ဖော်ပြပေးလေ့ရှိသည်။
Idea မဂ္ဂဇင်းသည် လစဉ်ထုတ်ဖြစ်ကာ စာမူခ ၇၀၀၀ ကျပ်ဖြစ်ပြီး ကဗျာ ၁၀ပုဒ် ကဗျာရှည် ၁ပုဒ် ရွေးချယ်ဖော်ပြပေးလေ့ရှိကာ အက်ဆေး ဆောင်းပါး ဝတ္ထုတိုမှာ ၁၅၀၀၀ ကျပ်ဖြစ်သည်။
အပျိုစင် မဂ္ဂဇင်းမှာ လစဉ် ထုတ်ဖြစ်ပြီး စာမူခ ၃၀၀၀ ကျပ်ဖြစ်ကာ ကဗျာ ၈ပုဒ် နိုင်ငံတကာ ကဗျာ ၁ပုဒ် စုစုပေါင်း ၉ပုဒ်ဖော်ပြပေးလေ့ရှိသည်။
ဓမ္မရိပ် မဂ္ဂဇင်းမှာ လစဉ်ထုတ်ဖြစ်ပြီး စာမူခ ၄၀၀၀ကျပ်ဖြစ်ကာ ကဗျာ ၈ပုဒ် အလှပြည့်ကဗျာ ၂ပုဒ် စုစုပေါင်း ၁၀ ပုဒ်ဖော်ပြပေးလေ့ ရှိကာ အက်ဆေး ဆောင်းပါး ဝတ္ထုတိုမှာ ၄၀၀၀/၅၀၀၀ ကျပ်ဖြစ်သည်။
ပညာ့ခေတ်မဂ္ဂဇင်းမှာ လစဉ်ထုတ်ဖြစ်ပြီး စာမူခ ၃၀၀၀ကျပ်ဖြစ်ကာ ကဗျာ ၁၀ပုဒ်ဖော်ပြပေးလေ့ရှိသည်။
Colour Rainbow မဂ္ဂဇင်းမှာ လစဉ်ထုတ်အွန်လိုင်းမဂ္ဂဇင်းဖြစ်ပြီး ကဗျာစာမူခ ၂၀၀၀၀ ကျပ်ဖြစ်ကာ ကဗျာ ၄ပုဒ် ရွေးချယ်ဖော်ပြပေးလေ့ရှိသည်။
 မြတ်ပညာမဂ္ဂဇင်းမှာ အမှတ်စဉ်ထုတ်ဖြစ်ပြီး စာမူခ ၅၀၀၀ ကျပ် ဖြစ်ကာ ကဗျာ ၅ပုဒ်ဖော်ပြပေးလေ့ရှိသည်။
Happy Time မဂ္ဂဇင်းမှာ လစဉ်ထုတ်ဖြစ်ပြီး စာမူခ ၃၀၀၀ကျပ်ဖြစ်ကာ ကဗျာ ၆ပုဒ်ဖော်ပြ ပေးလေ့ရှိသည်။
The Best English မဂ္ဂဇင်းမှာ လစဉ်ထုတ်ဖြစ်ပြီး စာမူခမေတ္တာလက်ဆောင် စာအုပ်ကို အိမ်တိုင် ရာရောက်ပို့ပေးကာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကဗျာ ၇ပုဒ်ဖော်ပြပေးလေ့ရှိသည်။
မေ့ရင်သွေးမဂ္ဂဇင်းမှာ လစဉ်ထုတ် ဖြစ်ပြီး စာမူခ ၇၀၀၀ ကျပ်ဖြစ်ကာ မိသားစုကဗျာ ၄ပုဒ် ကလေးကဗျာ ၂ပုဒ်ဖော်ပြပေးလေ့ရှိသည်။

အတိအကျ မသိသေးသော မသေချာသေးသော မဂ္ဂဇင်း ဂျာနယ် နေ့စဉ်သတင်းစာများ များစွာ ကျန်ရှိနေဦးမည် ဖြစ်ပြီး ကျနော်၏ ညံဖျင်းမှု လေ့လာအားစိုက်ထုတ်မှုနည်းခြင်းတို့ကြောင့် မပါဝင်သေးသော မထည့်သွင်းရသေးသော မတော်တဆ မှားယွင်း လွဲချော်ကာ ဖော်ပြမိသည်များရှိပါကလည်း ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ် မေတ္တာ ရှေ့ ထား ဂရုဏာပွားကာ သနားငဲ့ညှာပေးကြရန် ထပ်လောင်း တောင်းပန်အပ်ပါသည်။ယခုကဲ့သို့ ရေးသားမိခြင်းအတွက် ထုတ်ဝေသူများဘက်က စိတ်ကသိကအောက်ဖြစ်ကာ မကျေမချမ်းဖြစ်မည် စိတ်ခုမည်ကို တင်ကြိုတွေးမိပါသော် လည်း အမှန်တကယ် စာပေလောကတွင် ဖြစ်ပျက်နေသော အခြေအနေများကို ပြန်လည် သုံးသပ်ကာ စဉ်းစားနိုင်ရန် နှင့် စာပေလောကအကျိုး စာပေဖန်တီးသူတို့၏ စားဝတ်နေရေးတို့ကို ရှေးရှုလျက် ဝန်ချတောင်းပန်ကာ ရေးသား ဖော်ပြလိုက်ရပါသည်။

လေးစားစွာဖြင့်

အမ္ဗနဒီကျော်စွာ

Comments