မျိုးမွန်သွင် - ဆုမွန်ချွေပါသူငယ်ချင်း


မျိုးမွန်သွင် - ဆုမွန်ချွေပါသူငယ်ချင်း

(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၈

အကြံကောင်းများရချင်
ရှေ့ကိုဘယ်လိုလှမ်းရပါ့။

အမြင်ဟာမှုန်ဝါးဆဲ
ပန်းတိုင်ဟာမသဲကွဲ။

တောက်တော့မဲ့မီးခဲလေး
ပြာဖုံးနေတာကြာ။

အကင်းပါးတဲ့ငါးကလေးလို
ဒီကွန်ယက်ကရုန်းထွက်ကြည့်အုံးမယ်။

ဆုမွန်၊ ဆုမွန်ချွေပါ သူငယ်ချင်း။

မင်းကမ်းမဲ့လက်ကိုမျှော်ရင်း
တလှမ်းချင်း၊ စမ်းပြီးလျှောက်ခဲ့မယ်။

ကမ္ဘာအတုကိုကျောခိုင်းရာ
အလင်းကြယ်စင်ထွန်းoင်းဖို့
ဆုမွန်၊ ဆုမွန်ချွေပါ သူငယ်ချင်း။

Comments