![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghSdDw176CQTC7vOaILn_r1-WPMfUKJctgJwiIkt9utl1ZDOIR6nz79JvAh71amE6VUTeU_PHlQzZHTZdxrnmg00ek13jx_K14ufLpKLFowjBylXnSqD5bdeFc2bFRBdOcrj0ZH93UO70f/s640/FreshPaint-797-2017.06.05-09.08.17.jpg)
ရဲထက် ● တနံတလျားတွေနဲ့ လေနေတဲ့ကမ္ဘာ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈
ဝမ်းနည်းစရာတွေက တနံတလျား
ကြေကွဲစရာတွေက တနံတလျား
သတိရစရာတွေက တနံတလျား
လွမ်းဆွတ်စရာတွေက တနံတလျား
စက်ဆုပ်ရွံရှာစရာတွေလည်း တနံတလျား
ဖြစ်တည်မှုရဲ့အမှားအမှန်ကို
မသိသူတွေကလည်း တနံတလျား
ရောချသူတွေလည်း တနံတလျား
ကပ်ဖားယက်ဖားတွေကလည်း တနံတလျား
အများညီ ဤကျွဲလုပ်လို့ရပေမဲ့
အများညီနေတဲ့ဆန္ဒကိုငြင်းဆန်မှုဟာလည်း တနံတလျား
ငြင်းဆန်မှု တနံတလျား
ကန့်ကွက်မှု တနံတလျား
ရှုတ်ချမှု တနံတလျား
တနံတလျားတွေနဲ့ ကမ္ဘာဟာ
ထမ်းပိုးထားမှုကို ငြီးငွေ့နေလေရဲ့။ ။
ရဲထက်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈
ဝမ်းနည်းစရာတွေက တနံတလျား
ကြေကွဲစရာတွေက တနံတလျား
သတိရစရာတွေက တနံတလျား
လွမ်းဆွတ်စရာတွေက တနံတလျား
စက်ဆုပ်ရွံရှာစရာတွေလည်း တနံတလျား
ဖြစ်တည်မှုရဲ့အမှားအမှန်ကို
မသိသူတွေကလည်း တနံတလျား
ရောချသူတွေလည်း တနံတလျား
ကပ်ဖားယက်ဖားတွေကလည်း တနံတလျား
အများညီ ဤကျွဲလုပ်လို့ရပေမဲ့
အများညီနေတဲ့ဆန္ဒကိုငြင်းဆန်မှုဟာလည်း တနံတလျား
ငြင်းဆန်မှု တနံတလျား
ကန့်ကွက်မှု တနံတလျား
ရှုတ်ချမှု တနံတလျား
တနံတလျားတွေနဲ့ ကမ္ဘာဟာ
ထမ်းပိုးထားမှုကို ငြီးငွေ့နေလေရဲ့။ ။
ရဲထက်
Comments