ထက်သစ် ● အပွန်းအပဲ့ မခံခဲ့ရတဲ့ စိတ်​အပျိုစင်​​လေးရဲ့အပြန်


ထက်သစ် ● အပွန်းအပဲ့ မခံခဲ့ရတဲ့ စိတ်​အပျိုစင်​​လေးရဲ့အပြန်
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၈

မြို့ရဲ့ရှုတ်​​ထွေးမှုကြားထဲ
ပြုတ်​ကျလာတဲ့ ​တောရှုခင်းစစ်​စစ်​ကြီး​ပေါ့
အသံ​တွေနဲ့လန့်​ပြီး​သေ​နေတဲ့ မြို့​တော်​ကြီးက​တော့ ​မော်​တာသံ တဝီးဝီးကြားမှာ
အရဲရင့်​ဆုံး သက်​​သေရထားသလို
သူ့နိစ္စဓူဝ ရှုမျှော်​ခင်းကို ပုံ​ဖော်လို့...
အသက်​ရှူမှားရှာသူ လိပ်​ပြာ​လေးခမျာ
အ​တောင်​ပံ​တွေ ပြုတ်​ကျမတတ်​ခပ်​ရင်း
ဝင်​ဆန့်​ခဲ့ပါတယ်
ဖော်ရွေခဲ့ပါတယ်
လက်​ချင်းဆွဲလို့ နှုတ်​ဆက်​ခဲ့ပါတယ်
အတု​တွေကြားထဲ အပြုံးတု​တွေ
ဖော​ဖောသီသီ လင်းလက်​ရင်း​ပေါ့
စကားလုံးအတု​တွေ ဘုံး​ပေါလ​အောသုံးထားတဲ့ မြို့​တော်​ကြီးက​နေ
နုနုရွရွစိတ်​အပျိုစင်​​လေး
အပွန်းအပဲ့ တစိုးတစိမခံခဲ့ရပဲ
ပြန်​ခဲ့ပါပြီ
သွားလမ်းမသာခဲ့​ပေမဲ့ပြန်​လမ်းသာခဲ့ပါတယ်​။

ထက်​သစ်
၁၈၊ ၇၊ ၂၀၁၈

Comments