မုိးခါး ● ဝတ္ထားတဲ့ကုတ္အက်ႌ

 မုိးခါး ● ဝတ္ထားတဲ့ကုတ္အက်ႌ
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၈

စွပ်ပြုတ်တခွက်နဲ့
နောက်ကျောမလုံစွာ အလဲအထပ်လုပ်ထားတဲ့သံသရာ
ထုထည်ကြီးမားတဲ့အဆောက်ဦးကိုရဖို့
အရင်အသည်းကွဲပြပြီးချစ်ရေးဆိုတဲ့ဇာတ်လမ်းကို ငြမ်းဆင်ထားတယ်
မီးဖိုချောင်သုံးဓားတလက်နဲ့ သိမ်းထားတဲ့မြို့မှာ
ရေမဆေးအုပ်အဖြစ်တည်မဲ့စေတီ
လွင့်နေတဲ့အလံတော်က အားလုံးကိုအတိတ်မေ့သွားစေတယ်
စကားအဖြစ်ပဲ ပွားစည်းခဲ့တာပါ
တကိုယ်ရည်တကာယကြော်ငြာထဲ
သွေးနဲ့တူတဲ့ခေါင်းလျှော်ရည်မသုံးတဲ့အကြောင်း
ထပ်ကာထပ်ကာပြောရင်း လေယာဉ်တစီးပေါ်တက်ထိုင်နေတယ်
သစ်တောထဲလမ်းလျှောက်ပြီး
မြို့တော်ဆီလမ်းပျောက်ထားတဲ့မျက်နှာပေးနဲ့
ခံတွင်းမတွေ့တဲ့စွပ်ပြုတ်အကြောင်း
အသစ်အသစ်ရောက်လာတဲ့လူတိုင်းကို
ပုံပြင်လိုလို ရာဇဝင်လိုလို
တခေတ်တခါအတွက်
နူတ်ခမ်းမွှေးမနုတ်ရသေးတဲ့အပြောမျိုးတွေပဲ
ဖဲ့ထုတ်ပေးလိုက်တဲ့အလွှာ။    ။
                               
မိုးခါး

Comments