နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပြသတဲ့Kumudra waves အမည်ရတဲ့ ပန်းချီပြပွဲ



နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပြသတဲ့Kumudra waves အမည်ရတဲ့ ပန်းချီပြပွဲ
K (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈


Artist Mano V Delhi(india)မှ စီစဉ်ပြီး နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပါဝင်ပြသတဲ့ Kumudra waves အမည်ရတဲ့ Worldwide Movement အဖြစ် ပြသတဲ့ International Art Exhibition အနုပညာပြပွဲကို ရန်ကုန်မြို့ဗိုလ်တထောင် မြို့နယ် ၄၃လမ်း(အောက်) အမှတ် ၁၀၁ ဒုထပ်ရှိ 43 Art Galler y မှာ ဇူလိုင် ၇ ရက်မှစတင်ကာ ၉ ရက်နေ့ထိအောင် ပြသ လျက်ရှိပါတယ်။

အဆိုပါ အနုပညာပြပွဲမှာ မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ မက္ကဆီကို၊ မိုရိုကို၊ ပနားမား အစရှိတဲ့နိုင်ငံများမှ အနုပညာရှင်များရဲ့လက်ရာများကို ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံမှ ပါဝင်ပြသတဲ့ ပန်းချီဆရာများကတော့ သက်နှင်း ခင်၊ ထိန်လင်း၊ မင်းသားကြီး၊ မောင်တင်ဦး၊ ရီမွန်၊ ရာဇာဝင်းရွှေ၊ အေးပွင့်သင်းတို့ဖြစ်ပါတယ်။

Kumudra waves အမည်ရတဲ့ နိုင်ငံစုံ အနုပညာလက်ရာပြပွဲကို ၃ ရက်ကြာ ပြသထားမှာဖြစ်ပြီး ပြပွဲချိန်အတွင်း နံနက် ၉နာ၇ီမှ ညနေ ၅နာရီထိ ပြသလျက်ရှိရာ မီဒီယာများ အနုပညာချစ်မြတ်နိုးသူများ အများပြားတက်ရောက်ကြည့်ရှုလျက်ရှိ ပါတယ်။

Comments