"Memories of 1991" Art Exhibition - Gallery 65မှာ ၅ရက်ကြာ ပြမယ်



"Memories of 1991" Art Exhibition - Gallery 65မှာ ၅ရက်ကြာ ပြမယ်
K (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၈


"Memories of 1991"အမည်ရတဲ့ စုပေါင်း ပန်းချီလက်ရာပြပွဲကို ရန်ကုန်မြို့ဒဂုံမြို့နယ် ယောမင်းကြီးလမ်းအမှတ် ၆၅ရှိ Gallery 65မှာ ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ ပြပွဲမှာ ပါဝင်ပြသတဲ့ ပန်းချီဆရာများကတော့ ကျော်ကျော်၊ လှဘုန်းအောင်၊ မြင့်အောင်၊ မျိုးညွှန့်ခင်၊ ဌေးလွင်၊ ခင်မောင်ဇော်၊ ကျော်အာကာတို့ဖြစ်ပြီး အဆိုပါပန်းချီဆရာတို့ရဲ့ပန်းချီလက်ရာ ၅၀ကျော်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဇူလိုင် ၇ရက်မှ ၁၁ရက်ထိ ၅ရက်ကြာပြသသွားမယ့် "Memories of 1991" ပန်းချီပြပွဲကို နေ့စဉ်ပြပွဲချိန်အတွင်း မနက်၁၀နာရီမှ ညနေ ၆နာရီထိ ဖွင့်လှစ်ပြသထားတယ်လို့လည်း သိရပါတယ်။


Comments