ပန်းချီဆရာ ဦးမာလာရဲ့ Shades of Art, Colours of Inspiration exhibition –3



ပန်းချီဆရာ ဦးမာလာရဲ့ Shades of Art, Colours of Inspiration exhibition –3 အမည်ရတဲ့ ပန်းချီပြပွဲ အမျိုးသားပြတိုက်မှာ ပြုလုပ်မယ်
K (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈


မန္တလေးအခြေစိုက် ပန်းချီဆရာကြီး ဦးမာလာရဲ့ခေတ်စုံအလှစုံ ပန်းချီပြပွဲ၊ Shades of Art, Colours of Inspiration exhibition –3 ကို ရန်ကုန်မြို့ပြည်လမ်း အမှတ်၆၆/၇၄ ရှိ အမျိုးသားပြတိုက်မှာ ဇူလိုင်၁၆ ရက်မှ ၁၈ နေ့ထိ ၃ရက်ကြာ ပြသသွားမယ်လို့သိရပါတယ်။

ခေတ်စုံအလှစုံအမည်ဖြင့် ယခုအကြိမ်ပြသခြင်းဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မြန်မာပြည်အနှံ့က ၀တ်စာဆင်ယင် နေထိုင်မှု၊ ယဉ်ကျေးမှုတွေကို လေ့လာနိုင်တဲ့ ပန်းချီကားများကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပြပွဲချိန်အတွင်း နေ့စဉ် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အမျိုးသားပြတိုက်မှာ လာရောက်ကြည့်ရှုနိုင်ပါတယ်။

ပန်းချီဆရာ ဦးမာလာကို ၁၉၅၃ခုနှစ်တွင် မန္တလေးတိုင်း မတ္တရာမြိ့နယ် နန်းတော်ကျွန်းကျေးရွာမှာ အဖဦးဘကွန်း၊အမိ ဒေါ်နှင်းတို့က မွေးဖွားခဲ့ပါတယ်။ တောင်သူမျိုးရိုးဖြစ်ပြီး ၁၉၇၃မှ ၁၉၇၆ထိ မန္တလေးပန်းချီပန်းပုကျောင်းတွင် ပန်းချီပ ညာသင်ယူခဲ့၊ မန္တလေးရှေးဟောင်းသုတေသနဌာနမှာ ပန်းချီပညာရှင်အဖြစ် ၉နှစ်တာဝန်ထမ်းဆောင်ခဲ့။ မန္တလေး ပန်းချီ ပန်းပုကျောင်းတွင် နည်းပြအဖြစ် ၁၀နှစ်၊ ဆောင်းဒါးသင်တန်းကျောင်းတွင် ပန်းချီပညာရှင်အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရင်း မန္တလေးမြို့တွင်နေထိုင်ကာ ယဉ်ကျေးမှုဆိုင်ရာ ပန်းချီကားများကို ရေးဆွဲလျက်ရှိပါတယ်။

Comments