စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza



စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza
K  (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈


ဦးစိန်မြင့် (သတ္တုဦးစီး)ရေးသားတဲ့ သဘာဝဓာတ်ငွေ့ လောင်စာများနှင့် မိတ်ဆက်ခြင်း အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားနဲ့အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ အစီအစဉ်တခုကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plaza မှာ ဇူလိုင်လ ၈ရက် နေ့လယ် ၁ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်ပြီး ဟောပြောမယ့်သူများက တက္ကသိုလ် မိုးဝါ၊ ဒေါက်တာ ခင်မောင်ညို၊ ဦးစိန်မြင့် (သတ္တုဦးစီး) တို့ဖြစ်ပါတယ်။

အခမ်းအနားနဲ့ပတ်သက်ပြီး “မြို့ပြရဲ့ နေ့စဉ် လူနေမှူ ဘ၀မှာ သဘာဝဓာတ်ငွေ့ဆိုတာ မရှိမဖြစ် အရေးပါလျက်ရှိပါတယ်။ သဘာဝဓာတ်ငွေ့များကို ဥာဏ်ပညာ ကြီးကြီးနဲ့ သတိရှိရှိ သုံးစွဲမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးရမှာဖြစ်ပေ မယ့် အရမ်းကာရော သုံးစွဲခဲ့မယ်ဆိုရင်တော့ ဆိုးကျိုးများ ရရှိနိုင်မှာဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ဖွံဖြိုးတိုးတက်ဖို့ရာမှာ လည်း စွမ်းအင်က မရှိမဖြစ် အရေးပါလျက်ရှိပါတယ်။ စွမ်းအင်တွေရဖို့ ကြိုးစားရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှူ အနည်းဆုံးဖြစ်အောင်လည်း ထည့်သွင်းစဉ်းစားနိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောပြပါတယ်။

Comments