လင်းသက်ငြိမ် ● ရှင်သန်မှုရောဂါ


လင်းသက်ငြိမ် ● ရှင်သန်မှုရောဂါ
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၈

ပျော်ရွှင်ဖို့မေ့လျော့နေရတာလည်းရောဂါပဲ
ဖြူဖွေးတဲ့သကြားကိုပဲလူကြိုက်များကြ
အရာရာသေလမ်းနဲ့နီးနေရတော့
ရှင်သန်မှုက အပေါစားအောင်မြင်မှုဆန်ဆန်
အရောင်ထထတောက်
ဓားဓားချင်းတုတ်တုတ်ချင်းဟာ
တက်ကျမ်းတွေထဲမပါတော့
အလစ်အငိုက်ပဲချောင်းမြောင်းကြ
နိစ္စဓူဝက လူလည်လုပ်နည်းမျိုးစုံနဲ့
ရင်းနှီးကျွမ်းဝင်
စတီဖင်ဟော့ပ်ကင်းရှိသေးတယ်
ဂြိုဟ်သားတွေတော့ငါမမြင်ဖူးသေးဘူး
လူပုံတူရေးတဲ့သူတွေများပြားလာပြီးတဲ့နောက်မှာ
တမေ့တမောငေးရမယ့်လူတွေကို
သူကြိုမြင်ခဲ့လို့များလား။

လင်းသက်ငြိမ်

Comments