ဖိုးရွှေညီမှိုင်း ● စိမ်
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၈
"ခြောက်သွေ့တဲ့ လမ်းပေါ်တောင်မှ
ချိုင့်ခွက်နဲ့ မလွဲနိုင်သူအဖို့
ရွှံ့ဗွက်တောတိုးလည်း မထူးတော့ပြီမို့
သေအောင်သာ ရွာပါမိုး" *1
...
ရွာလေ
မရပ်တမ်းသာ
ရွာစွေလိုက်စမ်း
တို့ဆီမှာ
ဘာမှမကျန် အကုန်ယူပါ
ဒါကိုတော့
ဘယ်ခါမှ မရနိုင်ဘူး မိုးရေ ...
ဘယ်တုန်းကမှ တို့မှာမရှိတဲ့အရာ
မင်း ဘယ်တော့မှမရဘူး။
ရှိတာအကုန် ယူလိုက်စမ်း
ဒုက္ခပန်းတွေပန်ပြီး
လှရဲနေတာ ကြည့်လိုက်
ရွာလိုက်စမ်းပါ
ရွာလေ မိုးရေ ...
ပွင့်ရဲရင် ကြွေရဲကြရဲ့
တိမ်မိုက်စိုး ညနက်တွေ
လေတွေမိုးတွေထဲ
လမင်းတွေ ကြယ်စင်တွေ
မျက်နှာလွှဲပေမယ့်
"ချစ်သူစစ်စစ်" တွေ
ဘယ်သောခါမှ လမ်းမလွဲဘူး။
"နောင်တ" တဲ့
တို့ခရီးမှာ "ဒါ" မရှိဘူး
ဘယ်တော့မှလည်း
ယူဖို့မကြိုးစားခဲ့ကြ
တို့မရခဲ့ဘူး
တို့ဆီမှာ မရှိတဲ့အရာ
မင်းလည်း ဘယ်တော့မှ
မရနိုင်ဘူး။
ရွာလေ ရွာစွေပါ
သေအောင်သာ ရွာပါမိုး။
ဖိုးရွှေညီမှိုင်း
၂၀၁၈ သြဂတ်စ်
(*1 ... ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းစာသား)
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၈
"ခြောက်သွေ့တဲ့ လမ်းပေါ်တောင်မှ
ချိုင့်ခွက်နဲ့ မလွဲနိုင်သူအဖို့
ရွှံ့ဗွက်တောတိုးလည်း မထူးတော့ပြီမို့
သေအောင်သာ ရွာပါမိုး" *1
...
ရွာလေ
မရပ်တမ်းသာ
ရွာစွေလိုက်စမ်း
တို့ဆီမှာ
ဘာမှမကျန် အကုန်ယူပါ
ဒါကိုတော့
ဘယ်ခါမှ မရနိုင်ဘူး မိုးရေ ...
ဘယ်တုန်းကမှ တို့မှာမရှိတဲ့အရာ
မင်း ဘယ်တော့မှမရဘူး။
ရှိတာအကုန် ယူလိုက်စမ်း
ဒုက္ခပန်းတွေပန်ပြီး
လှရဲနေတာ ကြည့်လိုက်
ရွာလိုက်စမ်းပါ
ရွာလေ မိုးရေ ...
ပွင့်ရဲရင် ကြွေရဲကြရဲ့
တိမ်မိုက်စိုး ညနက်တွေ
လေတွေမိုးတွေထဲ
လမင်းတွေ ကြယ်စင်တွေ
မျက်နှာလွှဲပေမယ့်
"ချစ်သူစစ်စစ်" တွေ
ဘယ်သောခါမှ လမ်းမလွဲဘူး။
"နောင်တ" တဲ့
တို့ခရီးမှာ "ဒါ" မရှိဘူး
ဘယ်တော့မှလည်း
ယူဖို့မကြိုးစားခဲ့ကြ
တို့မရခဲ့ဘူး
တို့ဆီမှာ မရှိတဲ့အရာ
မင်းလည်း ဘယ်တော့မှ
မရနိုင်ဘူး။
ရွာလေ ရွာစွေပါ
သေအောင်သာ ရွာပါမိုး။
ဖိုးရွှေညီမှိုင်း
၂၀၁၈ သြဂတ်စ်
(*1 ... ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းစာသား)
Comments