လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ



လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ
K (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈


ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ် (Scar Series) အမည်ရတဲ့တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ဒဂုံမြို့နယ်၊ အောင်ဆန်းအားကစားကွင်းမြောက်ဘက်အမှတ် ၂၃ရှိ OK Art Galleryမှာ သြဂုတ်လ ၈ရက်နေ့မှ ၁၂ရက်နေ့ထိပြသ သွားမယ်လို့သိရပါတယ်။

အဆိုပါပြပွဲကို ဖွင့်ပွဲရက် သြဂုတ်လ ၈ရက်နေ့ နေ့လယ် ၁နာရီကနေ ၄နာရီထိဖွင့်လှစ်ပြသွားမှာဖြစ်ပြီ ပြပွဲရက်များအတွင်း သြဂုတ်လ ၁၂ ရက်ထိ နံနက် ၉နာရီမှ ည ၆နာရီထိ ဆက်လက်ပြသွားမယ်လို့ သိရပါတယ်။

အခရိုင်းလစ်အမျိုးအစား ပန်းချီကားပေါင်း၂၀ကျော်ကို ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပန်းချီအောင်ကြည်စိုးက “ပြီးခဲ့တဲ့နှစ် တလပိုင်းကတည်းက ပြပွဲရက်ယူပြီးကတည်းက တနှစ်ပတ်လုံး ခေါင်းထဲထည့်ထားခဲ့တာပေါ့။ ဒီနေ့ဒီရက်မှာ လုပ်မယ်ဆိုပြီးတော့။ အကြောင်းအရာကတော့ ၈၈ ကာလမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို သိစေချင်တာပေါ့။ အ သက်တွေဘ၀တွေ စတေးခဲ့ရတဲ့ သူရဲကောင်းတွေ အာဇာနည်တွေကို သူတို့တွေကို ဂုဏ်ပြုချင်တဲ့သဘောလည်း ပါ တယ်။ အောက်မေ့တသတဲ့ သဘောလည်း ပါတယ်။ ဦင်္းညွှတ်တဲ့သဘောနဲ့မမေ့အပ်တဲ့သူတွေကို ဂုဏ်ပြုတာပါ။နောက် ဒီအဖြစ်အ ပျက်ကြီးဖြစ်ခဲ့တယ်ဆိုတာမျိုးကို ဒိအရင်က ပြောခွင့်မရခဲ့ဘူးပေါ့။ အခု ပြောခွင့်လို့ပြောကြတယ်ပေါ့။ ကျနော်ကတော့ အရိပ်တွေ အရောင်တွေသမားဆိုတော့ အရိပ်တွေ အရောင်တွေနဲ့ ပြောတာပေါ့”လို့ ပြောပြပါတယ်။

ပန်းချီအောင်ကြည်စိုးရဲ့ပန်းချီကားတွေဟာ ပြည်တွင်းမှာလည်း လူကြိုက်များလျက်ရှိပြီး ၂၀၁၈ စက်တင်ဘာလ လန်ဒန် မှာပြုလုပ်မယ့် နိုင်ငံတကာပန်းချီပြပွဲမှာလည်း သူ့ပန်းချီကား ၄ကား ပါဝင်ပြသဖို့ရှိတယ်လို့သိရပါတယ်။

Comments