ဒီနေ့ မနက်ဖြန် ပြန်ခွင့်ရနိုးနိုး နဲ့ ၇၅နှစ်ရှိ က၀ိအိုလည်း တရားနဲ့ ဖြေတဲ့အဆင့် ရောက်နေပါပြီ

ဒီနေ့ မနက်ဖြန် ပြန်ခွင့်ရနိုးနိုး နဲ့ ၇၅နှစ်ရှိ က၀ိအိုလည်း တရားနဲ့ ဖြေတဲ့အဆင့် ရောက်နေပါပြီ
စီစီသွယ် (S/OKA ၀၈၉၈၁၈)၊ မိုးမခ၊ သြဂုတ် ၄၊ ၂၀၁၈

လွန်ခဲ့သော"နှစ်၂၀'' က' ဂျာမဏီနိုင်ငံ၊ Osnabruck မြို့၏ မြို့တော်ခန်းမတွင်
နိုဘယ်ဆုရ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်အတူ
(ဓါတ်ပုံ ဦးမောင်မောင်ရံ ၊ ၆၊၆၊ ၉)
အဝေးရောက် နိင်ငံရေး အဖိုးအို ဒေါက်တာစိန်ဝင်း၏ဇနီးစီစီသွယ်မှ အစီရင်ခံ တင်ပြအပ်ပါသည်ရှင့်။

လမ်းကြုံလျင်၊ ၊ ကျွန်မတို့၏ပြည်သူ့သမ္မတကြီးနှင့် လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံတို့ထံ သယ်သွားပေးပါရှင့်။

ကျွန်မတို့ မြန်မာပြည်ပြန်ခွင့်ရရန် ... “၇၊ ၇၊ ၂၀၁၆ မှ စ၍’’ စဉ်ဆက် မပြတ်ကြိုးစားနေတာ  “၂ နှစ်” ကျော် ပါပြီ။ ဆရာ (ဒေါက်တာစိန်ဝင်း) လည်း တရားနဲ့ ဖြေတဲ့အဆင့် ရောက်နေပါပြီ။

၂၀၁၆ မှစ၍ သားလေး လရောင် နွေကျောင်းပိတ်ရောက်တိုင်း ... “ဒီနေ့ မနက်ဖြန် ပြန်ခွင့်ရနိုးနိုး’’ နဲ့ စောင့် နေရတာ ယခုကျောင်းပြန့်ဖွင့်ရန် တလနီးပါးပဲ ကျန်ပါတော့သည်။ (နွေကျောင်းပိတ် ၃ ခါ ကျော် ခါနီးပါပြီ။)

အခြေအနေပေးလျှင် “ ရှစ် လေး လုံး နှစ် ၃၀ ပြည့်နေ့” တွင် မြန်မာပြည်တွင် ရှိချင်ပါသည်။ အိမ်ပြန်ရောက်သင့်ပြီ။

လေးစားစွာဖြင့်

စီစီသွယ် (S/OKA ၀၈၉၈၁၈) ခေတ္တ - အမေရိကန်ပြည်ထောင်စု
PS ... အဝေးရောက် နိင်ငံရေး အဖိုးအို၊ က၀ိအိုတယောက်၏ ခံစားချက်နှင့် က၀ိအို၏အိမ်ပြန်ချိန်တို့ကို http://moemaka.com/archives/63663 နှင့်
http://moemaka.com/archives/52678 တို့တွင် ဖတ်ရှုနိုင်ပါသည်။

ကလေးနှစ်ယောက် အပါအ၀င် ကျွန်မတို့မြန်မာနိုင်ငံသားစစ်စစ် ကိုးဦးသည် “ပထမဦးဆုံးအကြိမ် လကံ္ခရ ရှိသော မြန်မာသံရုံးမှ e-mail (သံအမတ်ကြီးကိုယ်စား ဦးဆွေဆက် မှ ၂၀၊၄၊ ၂၀၁၈ တွင် ပေးပို့သော e-mail (စာအမှတ် ၈၁-၈၃/ ၄၅ ၁၁ ၁၁)) အတိုင်း “မြန်မာနိုင်ငံကူး စာအုပ်နှင့် နိုင်ငံသားစိစစ်ရေးကဒ်များကို အမေရိကန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတောာ် သံအမတ်ကြီး ဦးအောင်လင်းအား လိပ်မူ၍  ၃၀၊၄၊၂၀၁၈ တွင် လျှောက်ထားခဲ့ပါသည်။ (ယင်းကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒုနိုင်ငံခြားရေးဝန်ကြီး၊ အမြဲတန်း အတွင်းဝန် ညွှန်ခုပ်၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတို့အား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ e-mail များမှ တင်ပြခဲ့ပါသည်။) 
ကမ္ဘာအနှံ့ ပြန့်ကျဲနေတဲ့ က၀ိအိုတွေ၊ တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ “တော ဖြတ်၊ ထောင် ဖြတ်” ခဲ့ရသူတွေ၊ ရောက်ရာနေရာတွေမှာ အတွေးရော အလုပ်ရော အမိမြေအတွက် ပေးဆပ်နေသူတွေ ဘယ်တော့ “ခံဝန်ချက် ထိုးရတဲ့ဘ၀” ကလွတ်မလဲ။ ဘယ်တော့မှ သိက္ခာရှိရှိ အိမ်ပြန် ရပါ့မလဲ။ ဘယ်တော့မှ …  
အိမ်ပြန်ရောက်သင့်ပြီ။
စီစီသွယ် (S/OKA ၀၈၉၈၁၈) ခေတ္တ - အမေရိကန်ပြည်ထောင်စု
ည ၁၀နာရီ ၁၀မိနစ်၊ သြဂုတ် ၃၊ ၂၀၁၈

Comments