ထက်လူအောင် ● သြဂုတ်ဟာ မိုးတွေလိုရွာတယ်


ထက်လူအောင် ● သြဂုတ်ဟာ မိုးတွေလိုရွာတယ်
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၈

ရေဒီယို အစုတ်ကြီးထဲက
သြဂုတ်ရဲ့ မနက်ခင်းအဟောင်းတွေကို
ဆွဲထုတ်ကြည့်မိတယ်
လေလှိုင်းသံတွေထဲ
ကြွေးကြော်သံတွေ သွေးတွေ မျက်ရည်တွေ
ကူးခတ်နေဆဲပါလား

တပြည်လုံးရဲ့ စီးပွားရေးကို တံခါးပိတ်ပြီး
သူတို့ရဲ့ စီးပွားရေးကို တံခါးဖွင့်ခဲ့သူတွေ
ရွှေဝါဆပ်ပြာနံ့ပဲ နှာခေါင်းထဲစွဲအောင်လုပ်ခဲ့သူတွေ
သူတို့ကို သြဂုတ်ဟာ
ရေစိုပေါင်မုန့်လို ပျော့ပြဲသွားစေတယ်

လက်ဖက်ရည်တခွက် ရော့ခ်သီချင်းတပုဒ်နဲ့
ခေါင်းရွတ်ဗျပ်ထိုး ရောင်းခဲ့ရတဲ့လူငယ်ဘဝတွေ
အိမ်ပြန်မလာတဲ့ ခြေထောက်လေးတွေကို
မျှော်နေတဲ့ ခြေသုတ်ခုံတွေနဲ့
ၾသဂုတ္ဟာ က်ည္သင့္အက်ႌစကို
နာကျင်စွာ ချုပ်ဝတ်ခဲ့ရတယ်

ဒါပေမဲ့ သြဂုတ်ဟာ
ဆုပ်ထားတဲ့လက်သီးကို ဖြည်မသွားခဲ့ဘူး
ကျခဲ့တဲ့သွေးကို ပြန်မသိမ်းခဲ့ဘူး
လွှင့်ထားတဲ့အလံကို ပြန်မချခဲ့ဘူး

လက်သီးကို လေထဲဆန့်ထုတ်ဖို့သာ တွေးခဲ့သူတွေကို
လူမသိသူမသိ မြေကြီးထဲတိုးဝင်ခဲ့သူတွေကို
မေ့ချင်ယောင် ဆောင်နေသူတွေအတွက်
သြဂုတ်ဟာ ထမင်းလုံးတစ္ဆေ

သြဂုတ်ဟာ
အလံကို ရောင်းမစားခဲ့ဘူး
အသံတွေ ပြောင်းမသွားသေးဘူး
လေထဲမှာ လမ်းပေါ်မှာ နှလုံးသားတွေထဲမှာ
သြဂုတ်ဟာ မိုးတွေလိုရွာနေဆဲ။

ထက်လူအောင်

Comments